အ​ခြေအမြစ်​ မရှိပဲ တိုက်​ခိုက်​​နေမှု များကို တရားဥပ​ဒေ အရ ပြင်းထန်​စွာ တုန့်​ပြန်​ သွားမည်ဟု ၀န်ကြီးဆို

အ​ခြေအမြစ်​ မရှိပဲ တိုက်​ခိုက်​​နေမှု များကို တရားဥပ​ဒေ အရ ပြင်းထန်​စွာ တုန့်​ပြန်​ သွားမည်ဟု ၀န်ကြီးဆို
June 27, 2017 Asian Fame

12:08 pm
အ​ခြေအမြစ်​ မရှိပဲ တိုက်​ခိုက်​​နေမှု များကို တရားဥပ​ဒေ အရ ပြင်းထန်​စွာ တုန့်​ပြန်​ သွားမည်ဟု ၀န်ကြီးဆို

npt(နေပြည်တော် ၊ ဇွန် ၂၇)

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ယနေ့ ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေး အပြီး ပြန်အထွက် မီဒီယာနှင့် တွေ့ ဆုံစဉ် “အစ္စလာမ် ဘက်ကိုလိုက်တယ် ဆိုပြီး ၊ ကျွန်တော်ကို စွပ်စွဲနေတာတွေ ကို တရားဥပဒေအရ ပြင်းထန်စွာ တုန့်ပြန် သွားမှာပါ ၊ အွန်လိုင်း ကနေအခြေ အမြစ် မရှိ စွပ်စွဲနေတာတွေလည်း ရှိပါတယ်။ စွပ်စွဲနေတာတွေ မရပ်ရင် ပြင်းထန်စွာ တုန်ပြန့်သွားမှာပါ ။အခုက စမှာပါ”ဟု သူ၏ သဘော ထားကို ပြောသည်။

ဆန္ဒပြသူများဘက် က တောင်းဆိုထားသည့် ၎င်းအား နှုတ်ထွက် ခိုင်းနေသည့် အပေါ် ၀န်ကြီးက “ဒီရာထူးက သူတို့ခန့်ထားတာ မဟုတ်ဘူး။ ပြည်သူက တင်မြှောက်တဲ့ ဒီမိုကရေစီ ခေါင်းဆောင်က ခန့်ထားတာပါ”ဟု တုန့်ပြန်ခဲ့သည်။

ယင်းနောက် သူရဦးအောင်ကိုက ဝန်ကြီးဆိုသော ရာထူးကို သူ့အနေဖြင့် မက်မောခြင်း မရှိဘဲ မိမိ ပိုင်ဆိုင်သည့် ပစ္စည်း များကို နိုင်ငံတော် အတွက် လှုဆိုလျှင် လှူသွားမည်ဟု ဆက်လက်ပြောဆိုခဲ့သည်။

သာသနာရေး ၀န်ကြီး သူရဦးအောင်ကို နှုတ်ထွက်ပေးရန် အမျိုးသားရေး ၀ါဒီ ဆိုသူတို့က ဆန္ဒပြမှုများ ဆက်တိုက်ပြုလုပ်နေသည်။

၎င်းတို့က ရန်ကုန် ၊နေပြည်တော်နှင့် မန္တလေး တို့တွင်ပင် ဆန္ဒပြပွဲ များကို ပြုလုပ်ခဲ့ပြီး ဖြစ်ကာ မနှုတ်ထွက်ပါက ကြီးကျယ်သည့် ဆန္ဒပြပွဲ များ ထပ်မံပြုလုပ်သွားမည်ဟု ပြောဆိုထားသည်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*