စာမေးပွဲခန်းအတွင်း လက်​သ​င်္ကေတဖြင့်​ ရှင်းပြ​ပေးမည့်​ ဆရာ၊ဆရာမနည်းပါးခြင်း​တို့​ကြောင့်​​ အကြားအာရုံချို့ယွင်းသူများ စာ​မေးပွဲအောင်​မြင်​မှုနည်းပါးခြင်းသာဖြစ်ဟုလူမှုဝန်​ထမ်းဦးစီးဌာနမှ တာဝန်​ရှိသူတစ်​ဦးပြော

June 27, 2017 Asian Fame

5:02 pm
စာမေးပွဲခန်းအတွင်း လက်​သ​င်္ကေတဖြင့်​ ရှင်းပြ​ပေးမည့်​ ဆရာ၊ဆရာမနည်းပါးခြင်း​တို့​ကြောင့်​​ အကြားအာရုံချို့ယွင်းသူများ စာ​မေးပွဲအောင်​မြင်​မှုနည်းပါးခြင်းသာဖြစ်ဟုလူမှုဝန်​ထမ်းဦးစီးဌာနမှ တာဝန်​ရှိသူတစ်​ဦးပြော

sign

ရန်ကုန်၊ဇွန် ၂၇

အကြားအာရုံချို့ယွင်းသူများသည် စာမေးပွဲခန်းအတွင်း မေးခွန်းနားမလည်သောအခြေအနေမျိုး၌ မေးခွန်းအား လက်သင်္ကေတဖြင့် ရှင်းလင်းပြသပေးနိုင်မည့် ဆရာ၊ဆရာမနည်းပါးခြင်းတို့ကြောင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် အောင်မြင်မှုနည်းပါးခြင်းသာဖြစ်ပြီး ကြိုးစားအားထုတ်မှုမရှိ၍မဟုတ်ဟု လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အကြားအာရုံချို့ယွင်းသူများအသုံးပြုသော လက်သင်္ကေတပြဘာသာစကားသည် သာမန်လူတို့ပြောသော ဘာသာစကားတို့ နှင့်သဒ္ဒါဖွဲ့စည်းတည်ဆောက်ပုံတူညီခြင်းမရှိသောကြောင့် ယင်းဘာသာစကားတတ်မှသာရှင်းပြနိုင်မည်ဖြစ်သည်။

“အကြားချို့တဲ့သူတွေက အပြင်ပန်းကြည့်ရင်သာမန်လူပဲ။ဆက်သွယ်ပြောဆိုရာမှာကြတော့ ဘာသာစကားအခက်အခဲတွေရှိတယ်။သူတို့က အင်္ဂလိပ်စာထက် မြန်မာစာကို သင်ယူရခက်တယ်လို့ပြောတယ်။မြန်မာစာက ဝေါဟာရကြွယ်တော့ သူတို့သုံးတဲ့လက်သင်္ကေတ ဘာသာစကားဖော်ထုတ်မှုအားနည်းနေသေးတဲ့အတွက် လက်ရှိမှာ အကြားအာရုံချို့တဲ့သူအနေနဲ့ကျောင်းသင်ခန်းစာတွေကို ခက်ခဲစွာကြိုးစားသင်ယူနေရတယ်။ “ဟု ၎င်းကပြောသည်။

လက်သင်္ကေတပြဘာသာစကား ပိုမိုတိုးတက်ကျယ်ပြန့်လာစေရန် နိုင်ငံတော်မှ ထောက်ပံ့အားပေးနေပြီး Sign Languageကျွမ်းကျင်သော အကြားအာရုံချို့ယွင်းသူများနှင့် Sign Languageကူညီပံ့ပိုးသူများက ဝိုင်းဝန်းဆောင်ရွက်ပေးနေခြင်းကြောင့် နောင်တွင် အကြားအာရုံချို့တဲ့သူများအနေဖြင့် သင်ကြားသင်ယူမှုအခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်သည်။အကြားအာရုံချို့တဲ့သူများသည် မသန်စွမ်းကျောင်းသား၊ကျောင်းသူများနှင့်သာမန်ကျောင်းသားများထက် ပိုမိုခက်ခဲစွာသင်ယူရသည်။

အမြင်အာရုံချို့ယွင်းသူများဆယ်တန်းဖြေဆိုရာတွင် ၎င်းတို့ထက် တစ်တန်းနိမ့် အကူစာရေးသူ၏အကူအညီဖြင့်ဖြေဆိုရသည့်အတွက် အနည်းငယ်အဆင်ပြေမှုရှိသော်လည်း အကြားအာရုံချို့ယွင်းသူများတွင် အထက်ဖော်ပြပါအခက်အခဲများရှိနေပြီး သာမန်ကျောင်းသူ၊ကျောင်းသားများထက် ပိုမိုခက်ခဲစွာကြိုးစားသင်ယူနေရသည်။

လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ယူဖွင့်လှစ်ထားသော မသန်စွမ်းကျောင်း ၈ကျောင်းအနက်ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ကြည့်မြင်တိုင်မျက်မမြင်ကျောင်း၊စစ်ကိုင်းမျက်မမြင်ကျောင်း၊နားမကြားသော ကလေးများကျောင်း(မန္တလေး)တို့မှ ကျောင်းသား၊ကျောင်းသူ ၂၀ဦးဝင်ရောက်ဖြေဆိုခဲ့ရာ မျက်မမြင်ကျောင်းသား၊ကျောင်းသူ၆ဦးအောင်မြင်ခဲ့ပြီး ၎င်းတို့ထဲမှ၂ဘာသာဂုဏ်ထူးရှင်၁ဦးနှင့်၁ဘာသာဂုဏ်ထူးရှင် ၂ဦးတို့ပါရှိကြောင်းတာဝန်ရှိသူတစ်ဦးကပြောသည်။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*