ဆေးစွဲမှု လျှော့ချနိုင်စေရန် မက်​သဒုန်း​ဆေးခန်းများ ကျယ်​ကျယ်​ပြန့်​ပြန့်​​ပေါ်​ပေါက်​လာ​အောင်​ အစိုးရဆောင်​ရွက်​သင့်​သည်​ဟု မြန်‌မာနိုင်‌ငံမူးယစ်‌‌ဆေးဝါးသုံးစွဲသူများကွန်‌ရက်‌(NDNM)ဥက္ကဌပြော

ဆေးစွဲမှု လျှော့ချနိုင်စေရန် မက်​သဒုန်း​ဆေးခန်းများ ကျယ်​ကျယ်​ပြန့်​ပြန့်​​ပေါ်​ပေါက်​လာ​အောင်​ အစိုးရဆောင်​ရွက်​သင့်​သည်​ဟု မြန်‌မာနိုင်‌ငံမူးယစ်‌‌ဆေးဝါးသုံးစွဲသူများကွန်‌ရက်‌(NDNM)ဥက္ကဌပြော
June 27, 2017 Asian Fame

4:53 pm
ဆေးစွဲမှု လျှော့ချနိုင်စေရန် မက်​သဒုန်း​ဆေးခန်းများ ကျယ်​ကျယ်​ပြန့်​ပြန့်​​ပေါ်​ပေါက်​လာ​အောင်​ အစိုးရဆောင်​ရွက်​သင့်​သည်​ဟု မြန်‌မာနိုင်‌ငံမူးယစ်‌‌ဆေးဝါးသုံးစွဲသူများကွန်‌ရက်‌(NDNM)ဥက္ကဌပြော

drug

ရန်ကုန်၊ ဇွန် ၂၇

မူးယစ်ဆေးဖြတ်သူများအား အထောက်အကူပြုရန်နှင့် မူးယစ်ဆေးသုံးစွဲမှု လျှော့ချနိုင်စေရန် မက်သဒုန်းဆေးခန်းများ ကျယ်ကျယ်ပြန့်ပြန့်ပေါ်ပေါက်လာအောင် အစိုးရအနေဖြင့်ဆောင်ရွက်သင့်သည်ဟု မြန်‌မာနိုင်‌ငံမူးယစ်‌‌ဆေးဝါးသုံးစွဲသူများကွန်‌ရက်‌(NDNM)ဥက္ကဌ ကို‌ကျော်‌သူက‌ပြောသည်‌။

မြန်မာနိုင်ငံတွင် မက်သဒုန်းသောက်သုံးသူ သောင်းချီရှိသော်လည်း မက်သဒုန်းဆေးခန်း ၄၆ခုသာရှိသဖြင့် မက်သဒုန်းသောက်ရန်လာသည့် ရာနှင့်ချီသောဆေးသမားများအကြား မူးယစ်ဆေးဝါးရောင်းသူတို့က အမြတ်ထုတ်လျက်ရှိနေသည်ဟု ကို‌ကျော်‌သူက‌ပြောသည်‌။

ယခုလိုအမြတ်ထုတ်နေသော မူးယစ်ဖြန့်ချိသူတို့အား သက်ဆိုင်ရာ ဌာနမှ တာဝန်ရှိသူများ လိုက်လံကြပ်မတ်ဖမ်းဆီးနေသော်လည်း ဆေးသမားများအကြား အချိန်းအချက်ပြုလုပ်၍ မက်သဒုန်းဆေးခန်းများကို စားကျက်ပြုလုပ်လျက်ရှိသည်ဟု ၎င်းကပြောသည်။အစိုးရအနေဖြင့် မက်သဒုန်းသောက်သုံးလိုသူများကို စာရင်းကောက်၍ မြို့နယ်အလိုက် မက်သဒုန်းဆေးခန်းများဖွင့်ပေးနိုင်ပါက မူးယစ်ဆေးဝါးသုံးစွဲမှုလျော့ကျသွားနိုင်မည်ဟု ခန့်မှန်းကြောင်း ကိုကျော်သူကပြောသည်။

“ဘိန်းဖြူထိုးဖို့ ပိုက်ဆံမရှိလို့ မက်သဒုန်းလာသောက်တယ်။ပိုက်ဆံရှိပေမယ့် ဘိန်းဖြူဝယ်မရလို့ မက်သဒုန်းလာသောက်တယ်။ နှစ်ယောက်တွေ့ကြတဲ့အခါ ဆေးသုံးဖြစ်သွားရော။ဆေးရောင်းတဲ့ကောင်တွေကလဲ ဆေးလာသောက်သူယောင်ဆောင်ပြီးရောင်းတယ်။ဆေးဝယ်ချင်တဲ့သူတွေကလဲ ဆေးသောက်တဲ့သူယောင်ဆောင်ပြီး ဝယ်တယ်။အလုပ်ကိုဖြစ်နေရော။”ဟု ကို‌ကျာ်‌သူက‌ပြောသည်‌။

မြန်မာနိုင်ငံအတွင်း မန္တလေး၊ ရန်ကုန်၊ လားရှိုး၊ ကျိုင်းတုံ၊ တာချီလိတ်၊စစ်ကိုင်းနှင့် မြစ်ကြီးနားမြို့တို့၌ မက်သဒုန်းဆေးခန်းများရှိပြီး ရန်ကုန်တိုင်းတွင် မက်သဒုန်းဆေးခန်းနှစ်ခုသာရှိသည်။မက်သဒုန်းဆေးသည် ဘိန်းအမျိုးအစား မူးယစ်ဆေးစွဲသူ(ဥပမာ-ဘိန်း၊ ဘိန်းဖြူ)တို့ စွဲလမ်းကာ ဖြစ်ပေါ်လာသည့် သုံးစွဲချင်စိတ်ကို လျော့ပါးစေသည့် ဆေးဝါးတစ်မျိုး ဖြစ်ပြီး မူးယစ်ဆေးစွဲခြင်းကို ပျောက်ကင်းအောင်ကုသနိုင်သောဆေးမဟုတ်ဟု ၎င်းကပြောသည်။

မက်သဒုန်း ဆေးဝါးကို တိုက်ကျွေးရခြင်းသည် မူးယစ်ဆေးသုံးစွဲသူများနှင့် ၎င်းတို့နှင့်ဆက်စပ်ပတ်သက်နေသော လူ့အဖွဲ့အစည်းအတွင်း တရားမဝင်မူးယစ်ဆေးဝါးသုံးစွဲမှု လျော့နည်းလာစေရေး၊ ရောဂါကူးစက်မှု လျော့နည်းလာစေရေး၊ ဆေးလွန်ပြီးသေဆုံးမှုနှင့် ရာဇဝတ်မှုပြဿနာများ လျော့နည်း လာစေရေး၊ အ္တရာယ်အလွန်မြင့်မားသည့် ဆေးထိုးပြွန် မျှဝေသုံးစွဲမှုကြောင့် ဖြစ်ပေါ် လာသည့် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရမှု၊ တီဘီနှင့် အသည်းရောင် အသားဝါရောဂါ ကူး စက်ခံရမှုနှုန်း လျော့နည်းလာစေရေးတို့အတွက် ရည်ရွယ်ခြင်းဖြစ်သည်ဟု ကိုကျော်သူကပြောသည်။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*