ဟိန်းရာပြည့် အမှတ်တရပွဲ ရန်ကုန်တွင်ကျင်းပ

ဟိန်းရာပြည့် အမှတ်တရပွဲ ရန်ကုန်တွင်ကျင်းပ
June 27, 2017 Asian Fame

2:18 pm
ဟိန်းရာပြည့် အမှတ်တရပွဲ ရန်ကုန်တွင်ကျင်းပ

Thakhin(ရန်ကုန် ၊ ဇွန် ၂၇ )

ထင်ရှားတဲ့ စကားတစ်ခွန်းဖြစ်တဲ့ ” မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရ မယ်” ဆိုတဲ့စကားကို အင်္ဂလိပ် အစိုးရ ကို ပြောကြားခဲ့သူ သခင်ဗဟိန်းဟာ ဒီကနေ့ မှာ အသက် တစ်ရာပြည့်မြောက် ခဲ့ပါပြီ။

မြန်မာ့ လွတ်လပ်ရေး လှုပ်ရှားမှုသမိုင်း တစ်လျောက် ချန်လျှပ်ထားခဲ့လို့ မရတဲ့ သခင်ဗဟိန်း ဟာ ၁၉၃၈ ခုနှစ်၊မကွေးမြို့ က ရေနံမြေ သပိတ် အလုပ်သမား များဟောပြာပွဲမှာ အထက်ပါ စကားကိုပြောကြား ခဲ့တာလည်းဖြစ်ပါတယ်။  ရန်ကုန်မြို့ မှာတော့ သခင်ဗဟိန်း ရာပြည့် အထိမ်းအမှတ် အနေနဲ့၊ပြည်လမ်းက ယုဒသန် ရိပ်သာ မှာပြုလုပ်ခဲ့ပါတယ်။ ဒီကနေ့ နံနက် ၉ နာရီက စပြီး သခင်ဗဟိန်းရဲ့ သမိုင်းကြောင်း နဲ့ ပတ်သတ်တဲ့ အချက်အလက် များကို ပြခန်းပြသ ထားပါတယ်။  သခင်ဗဟိန်းကို ၁၉၁၇ ခုနှစ် – ဇွန်လ ၂၇ ရက်တွင် အဖ ဦးမှင် – အမိ ဒေါ်ဦးတို့ က အင်း ဝမြို့ ကိုင်းတန်းရပ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ မန္တလေး လွန်းတန်းရပ်ရှိ သကျသီဟကျောင်းမှ အထက်တန်းကျောင်း အောင်ခဲ့ပြီး ၁၉၃၆ ခုနှစ် မန္တလေး ဥပစာကောလိပ်မှာ ကျောင်းတက်နေစဉ် အချိန်က ဒုတိယကျောင်းသား သပိတ်ပေါ် ခဲ့တာဖြစ်ပါတယ်။  သခင်ဗဟိန်းဟာ ၁၉၃၀ ပြည့်နှစ်မှာ ဗမာနိုင်ငံလုံး ဆိုင် ရာ ကျောင်းသားများ သမဂ္ဂမှာ ဥက္ကဋ္ဌ ၊ ၁၉၄၁ မှာ တို့ဗမာ အစည်းအရုံး အမှုဆောင် လူကြီး၊ ဂျပန်တော်လှန်ရေးကာလ အတွ င်းက ပဲခူးရိုးမမှာ နိုင်ငံရေးမှူး တာဝန် နဲ့ ပြောက်ကျား တပ်ကို ဦးဆောင်သူ၊ ဂျပန်တော်လှန် ရေး အပြီး ဖဆပလကိုပြန်လည် ထူထောင်တော့လည်း ဗဟို ဦးစီးအဖွဲ့ဝင် စတဲ့တာဝန်တွေ ကိုဆောင်ရွက် ခဲ့သူတစ်ဦးပါ။ ၊ ၁၉၄၆ နိုဝင်ဘာ ၂၀ ရက် နံနက် ၅ နာရီခွဲ အချိန် မန္တလေးမြို့ မှာ သခင်ဗဟိန်း ကွယ်လွန်ခဲ့ပါတယ်။  မန္တလေးမြို့  မှာလဲ သခင်ဗဟိန်းနှစ်တစ်ရာပြည့် အထိမ်းအမှတ် အနေနဲ့ ဇွန်လ ၂၆ ရက် နေ့ နဲ့ ၂၇ ရက်နေ့ ၂ ရက်တာ အခမ်းအနား ကျင်းပလျက် ရှိပြီး မှတ်တမ်းဓါတ်ပုံပြပွဲ၊ ဟော ပြောပွဲတွေ ပြုလုပ်နေပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*