သခင်ဗဟိန်း(၀ါ)ရဲဘော်ဗဟိန်း ရဲ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနား ကျင်းပ

သခင်ဗဟိန်း(၀ါ)ရဲဘော်ဗဟိန်း ရဲ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနား ကျင်းပ
June 27, 2017 Asian Fame

12:56 pm
သခင်ဗဟိန်း(၀ါ)ရဲဘော်ဗဟိန်း ရဲ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနား ကျင်းပ

1

မန္တလေး၊ဇွန် ၂၇

မြန်မာ့လွတ်လပ်ရေးတိုက်ပွဲမှာ မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေမယ် ဆိုတဲ့စကားနဲ့ နယ်ချဲ့အင်္ဂလိပ်ကိုတုန်လှုပ်စေခဲ့သူ သခင်ဗဟိန်း(၀ါ)ရဲဘော်ဗဟိန်း ရဲ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနားကို မန္တလေး မြို့မှာ သခင်ဗဟိန်းနှစ် ၁၀၀ ပြည့်အထိမ်းအမှတ်ပွဲတော် ကျင်းပရေးကော်မတီက ဦးဆောင်ပြီး နှစ်ရက်တာကျင်းပ ပြုလုပ်သွားခဲ့ပါတယ်။

“အဓိကကတော့ သခင်ဗဟိန်းစိတ်ဓာတ် ရဲဘော်ဗဟိန်း စိတ်ဓာတ်ကို နောင်မျိုးဆက်တွေသိစေချင်တယ်၊ ဒီလိုအခမ်းအနားတွေကနေကတစ်ဆင့် သခင်ဗဟိန်းစိတ်ဓာတ် သခင်ဗဟိန်းသတ္တိ သခင်ဗဟိန်းရဲ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း တွေကိုသိလာစေမှာဖြစ်ပါတယ်၊ ဒီလိုရည်ရွယ်ချက်နဲ့ အခုလိုအခမ်းအနားကျင်းပတာပါ” လို့ သခင်ဗဟိန်း နှစ် ၁၀၀ ပြည့်ကျင်းပရေးကော်မတီ တာဝန်ရှိသူကဆိုပါတယ်။

ဇွန် ၂၆ ရက် နဲ့ ၂၇ ရက် နှစ်ရက်တာကျင်းပပြုလုပ်တဲ့ပွဲမှာ ဇွန် ၂၆ ရက်က မန္တလေး ချမ်းအေးသာစံမြို့နယ် ၃၁လမ်း နဲ့ ၈၄လမ်းထောင့်က ဓမ္မသာလာခန်းမမှာ မှတ်တမ်းဓာတ်ပုံ ပြပွဲ ပန်းချီကာတွန်းပြပွဲ ဟောပြောပွဲတွေနဲ့ တစ်နေကုန် ကျင်းပပြုလုပ်သွားခဲ့တာပဲဖြစ်ပြီး ဒီနေ့ဇွန် ၂၇ ရက်မှာတော့ မနက်အစောပိုင်း ဆရာတော်သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းမှု ပြုပြီး တာနဲ့ မန္တလေး တမ္ပ၀တီ သူကြွယ်ကုန်းရပ်မှာရှိတဲ့ မန္တလေးအာဇာနည် ၁၇ ဦး ဂူဗိမန်မှာ အခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဒီနေ့အခမ်းအနားမှာ အလုပ်သမားလယ်သမားလူတန်း စားအသီးသီးက သခင်ဗဟိန်းဂူဗိမန်မှာ လွမ်းသူပန်းခွေ ချ အလေးပြုတာ စာရေးဆရာဆူးငှက် ၆၂ ကျောင်းသားခေါင်းဆောင်၊ရဲဘော်အောင်သူ ၊သခင်ဗဟိန်း ဆွေမျိုးတော်စပ်သူတွေနဲ့ သီးခြားဖိတ်ကြားထားသူတွေက သခင်ဗဟိန်းနဲ့ပတ်သက်တာတွေကို အမှတ်တရစကား တွေပြောသွားခဲ့ပြီး ကဗျာဆရာတွေကကဗျာရွတာတာတွေ သဘာဝစိမ်းအဖွဲ့က အမှတ်တရသစ်ပင်စိုက်တာတွေလည်း ပြုလုပ်သွားခဲ့ပါ တယ်။

News & Photos by စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*