ရန်​ကုန်​တိုင်း၊မန္တ​လေးတိုင်းနှင့်​ ​နေပြည်​​တော်​တို့တွင်​ ဂျပန်​စာတိုက်​ပုံး အလုံး၂၅၀ အသစ်​ထပ်မံ​တပ်​ဆင်​သွားမည်

ရန်​ကုန်​တိုင်း၊မန္တ​လေးတိုင်းနှင့်​ ​နေပြည်​​တော်​တို့တွင်​ ဂျပန်​စာတိုက်​ပုံး အလုံး၂၅၀ အသစ်​ထပ်မံ​တပ်​ဆင်​သွားမည်
June 27, 2017 Asian Fame

4:41 pm
ရန်​ကုန်​တိုင်း၊မန္တ​လေးတိုင်းနှင့်​ ​နေပြည်​​တော်​တို့တွင်​ ဂျပန်​စာတိုက်​ပုံး အလုံး၂၅၀ အသစ်​ထပ်မံ​တပ်​ဆင်​သွားမည်

post

ရန်ကုန်တိုင်း၊မန္တလေးတိုင်းနှင့် နေပြည်တော်တို့တွင် ရေရှည်အသုံးပြုနိုင်သောလူမှုအခြေခံဖွံ့ဖြိုးရေးစနစ်ကို ပံ့ပိုးနိုင်ရန် နောက်ဆုံးပေါ်ဂျပန်စာတိုက်ပုံး အလုံး၂၅၀အား အသစ်ထပ်မံတပ်ဆင်သွားမည်ဟု မြန်မာ့စာတိုက်လုပ်ငန်း ညွန်ကြားရေးမှူး ဦးခမ်းအောင်ကပြောသည်။

“ဂျပန်နိုင်ငံပြည်တွင်းရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက မြန်မာ့စာပို့လုပ်ငန်းတိုးတက်လာစေဖို့ ၂၀၁၄ခုနှစ်စတင်ကူညီပေးခဲ့တယ်။စာပို့လုပ်ငန်းအခြေခံတည်ဆောက်ပုံအသစ်ကို အခြေခံပြီး စီးပွားရေးလုပ်ငန်းအသစ်တွေ၊ဝန်ဆောင်မှု အသစ်တွေ ဘယ်လိုလုပ်မလဲဆိုတာ မြန်မာ့ဆက်သွယ်ရေးနှင့် နည်းပညာဝန်ကြီးဌာနကို မိတ်ဆက်ပေးခဲ့တယ်။ လက်ရှိမှာလဲ စာတိုက်ပုံးအသစ်၁၀၀လောက်တပ်ပြီးပါပြီ။”ဟု ဦးခမ်းအောင်ကပြောသည်။

ယင်းစာတိုက်ပုံးများအား Nagata Myanmarမှ Social Infrastructure with Advertisementဟူသောအတွေးအခေါ်ဖြင့် အကောင်အထည်ဖော်ခြင်းဖြစ်ပြီး ဂျပန်-မြန်မာစာတိုက်လုပ်ငန်းမှ ပူးပေါင်းဆောင်ရွက်ကာ Fuji Xeroxမှ ထောက်ပံ့ခြင်းဖြစ်သည်။

ယင်းစာတိုက်ပုံးအသစ် ၂၅၀အား Fuji Xeroxမှ ပထမဆုံး ပံ့ပိုးကူညီခဲ့ခြင်းဖြစ်ကြောင်း Fuji Xerox Asia Pasific Pte Ltdမှ Generalမန်နေဂျာ Mr.Hideaki Katoကပြောသည်။

“ဂျပန်-မြန်မာစာတိုက်လုပ်ငန်းပူးပေါင်းဆောင်ရွက်မှု အတွေးအခေါ်အယူအဆနဲ့ Nagata ရဲ့စီးပွားရေးလုပ်ငန်းမော်ဒယ်ကိုထောက်ခံပြီး ပထမဆုံးပံ့ပိုးတာပါ။မြန်မာ့စာတိုက်လုပ်ငန်းအဆင့်မြှင့်ရာမှာ တဖက်တလမ်းမှပါဝင်လိုတဲ့ စပွန်ဆာကုမ္ပဏီများလဲ ပါဝင်လို့ရအောင် ကူညီတာပါ။”ဟု Mr.Hideaki Katoကပြောသည်။မြန်မာနိုင်ငံတွင် မြန်မာ့စာတိုက်လုပ်ငန်းပိုင် စာတိုက်ပုံးပေါင်း ၁၃၈၂ခုရှိပြီး ဂျပန်စာတိုက်လုပ်ငန်း အကြံပေးမှုကြောင့် မြန်မာ့စာတိုက်လုပ်ငန်း၏ စာပို့နှုန်းသည် ၈၇.၈ရာခိုင်နှုန်းမှ တစ်နှစ်အတွင်း ၉၃.၃ရာခိုင်နှုန်းအထိ တိုးတက်လာကြောင်း မြန်မာ့စာတိုက်လုပ်ငန်းမှ သိရသည်။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*