လူတစ်ယောက်က သင့်ကိုတကယ် မချစ်ဘူး ဆိုတာ သိစေနိုင်တဲ့ အချက်တွေ

လူတစ်ယောက်က သင့်ကိုတကယ် မချစ်ဘူး ဆိုတာ သိစေနိုင်တဲ့ အချက်တွေ
June 26, 2017 Asian Fame

12:00 pm
လူတစ်ယောက်က သင့်ကိုတကယ် မချစ်ဘူး ဆိုတာ သိစေနိုင်တဲ့ အချက်တွေ

Loveသင့်ရဲ့ချစ်သူ၊ သင့်ရဲ့တစ်စုံတစ်ယောက်က သင့်ကို တကယ်ချစ်ရဲ့လား ဆိုတာ ဘယ်သူကမှ အာမခံပေးလို့ မရပါဘူး။ ဒါပေမယ့် သူ့ရဲ့ စိတ်ထဲမှာ တကယ်ချစ်မချစ် ဆိုတာကို တွက်ဆဖို့ နည်းလမ်းလေးတွေ ရှိပါသေးတယ်။ သူတို့ကို နည်းနည်းလေး အာရုံစိုက်ပြီး ကြည့်လိုက်တာ နဲ့ သိသိသာသာ မြင်လာမှာ ပဲဖြစ်ပါတယ်။ အောက်မှဖော်ပြထားတဲ့ အချက်တွေကို သင့်ချစ်သူ က ပြုမှုနေတယ် ဆိုရင်တော့ သူက သင့်ကို တကယ်မချစ်ဘူး ဆိုတာကို အကောင်းဆုံး နားလည်ပေးနိုင်ဖို့ သာကြိုးစားထားပါ။

၁ ။ သင့်နာမည်အရင်းကိုခေါ်တာ

လူတွေဟာ ကိုယ်ချစ်တဲ့ သူတွေကို နာမည် လှလှလေးတွေ၊ ဒါမှမဟုတ် အမြဲတမ်း အမှတ်တရဖြစ်နေစေချင်တဲ့ နာမည်မျိုးတွေ မှဲ့ခေါ်တတ်ပါတယ်။ ဒါဟာ သူငယ်ချင်းတွေ ကြားထဲမှာတောင်မှ ဖြစ်နေကြပါ။ တကယ်လို့ သင့်ချစ်တဲ့သူ တစ်စုံ တစ်ယောက်က သင့်ကို နာမည် အရင်းပဲ ခေါ်နေတယ် ဆိုရင်တော့ တစ်ခုခု မှားနေသေးတယ်လို့ ပြောနိုင်ပါတယ်။ အနည်းဆုံး ချွဲချွဲနွဲ့နွဲ့ မခေါ်ချင်တဲ့ မိန်းမတောင်မှ သင့်နာမည် တစ်လုံးကို ယူပြီး ကိုဇော်၊ ကိုလင်း စသဖြင့် ခေါ်တတ်ကြပါတယ်။ သင့်နာမည်ကြီးကို တည့်တည့် ကြီး ခေါ်နေတာမျိုးက သင့်ကိုပျော်ရွင်စေမှာ မဟုတ်သလို သူ့စိတ်ထဲမှာ သင်နဲ့ ပတ်သက်ပြီး မရှိသေးဘူးဆိုတာ ဖော်ပြနေပါတယ်။

၂ ။ စကားလုံးတွေ ခပ်ပြတ်ပြတ်ဖြစ်တာ

သင်နဲ့ စကားပြောတဲ့အခါ စကားလုံးတွေ ခပ်ပြတ်ပြတ်နဲ့ တိုးတောင်းစွာ ပြောတယ် ဆိုရင်တော့ ဒါဟာ သင်နဲ့ ပတ်သက်ပြီး သူ့စိတ်ထဲ ဘာမှမရှိလို့ ပြတ်သားနေတယ်ဆိုပြီး ဖော်ပြနေသလိုပါပဲ။ ဘယ်သူမဆို ကိုယ်ချစ်တဲ့သူနဲ့ စကားတွေ အများကြီးပြောချင်ကြ သလို မရှိရှိတဲ့ အချိန်လေးတွေ ကိုတောင် ရအောင် ဆွဲထားတတ်သေးတာပဲ။ စကားကို တိုတိုတောင်းတောင်းပြောတယ် ဆိုတည်းက သင့်ပေါ် မှာ ခံစားချက်မဲ့ လွန်းနေပါတယ်။

၃ ။ သင်ဘာလုပ်လုပ် ဂရုမစိုက်ဘူး

သင်ကတော့ ကြိုးစားပြီး သင့်ချစ်သူ အတွက် ဘာတွေဖြစ်ရမယ် ဆိုတာမျိုး လုပ်ဆောင်နေပေမယ့် သင့်ချစ်သူက သင့်ကို နည်းနည်းလေးတောင် အသိအမှတ် မပြုတာမျိုးဖြစ်လာပြီ ဆိုရင်တော့ သင်တို့ လမ်းခွဲရမယ့် အချိန်နီးလာပြီပေါ့။ ဘယ်လို အကြောင်းအ ရာပဲဖြစ်ဖြစ် သင်က မေးတဲ့အခါမျိုးမှာ သူ့ဘက်က မသိဘူး၊ အဲဒါတွေကို ဂရုစိုက်နေတာ မဟုတ်ဘူး၊ သတိမထားမိ လိုက်ဘူး စ သည်ဖြင့် တုန့်ပြန်လာရင် သူဟာ အမှန်တရားတစ်ခုခုကို ဖုံးကွယ်ထားတယ် ဆိုတာ သေချာပါတယ်။ ဒါကသင့်ကို လုံးဝ မရင်းနီးဘူး ဆိုတဲ့ သဘောပေါ့။

၎ ။ သင့်ကို လုံးဝမသနားတာ

ချစ်ခြင်းလို့ ပြောလိုက်ရင် ကြင်နာခြင်း၊ သနားခြင်း ဆိုတာ မပါမဖြစ်တွေပါပဲ။ တစ်ဦးနဲ့ တစ်ဦးကြင်နာ သနားကြမှာသာ တစ်ဦးနဲ့ တစ်ဦး တကယ်ချစ်ကြတယ်လို့ ပြောလို့ ရပါတယ်။ အချစ်ရဲ့ အခြေခံအကျဆုံးအပိုင်းမှာ သနားကြင်နာခြင်းပါ ပါတယ်။ မေတ္တာတရားတွေ ဟာလည်း သနားကြင်နာခြင်းကြောင့်သာ ပေါက်ဖွားလာတာပါ။ တကယ်လို့ သင့်ချစ်သူက သင့်ကို ဘယ်လို အခြေအနေမှာပဲ ဖြစ်ဖြစ် သနားတဲ့ အရိပ်အယောင် မပြဘူးဆိုရင် သင့်ကို သူတကယ် မချစ်ဘူးဆိုတာ သက်သေခံနေပါတယ်။

မှူးအိမ်ဇော်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*