ရန်ကုန် တောင်ဥက္ကလာပတွင် ဆိုင်ကယ် အသုံးပြု၍ လုယက်နေသူ ၂ဦး ကို ရဲဖမ်းထား

ရန်ကုန် တောင်ဥက္ကလာပတွင် ဆိုင်ကယ် အသုံးပြု၍ လုယက်နေသူ ၂ဦး ကို ရဲဖမ်းထား
June 26, 2017 Asian Fame

4:22 pm
ရန်ကုန် တောင်ဥက္ကလာပတွင် ဆိုင်ကယ် အသုံးပြု၍ လုယက်နေသူ ၂ဦး ကို ရဲဖမ်းထား

crime(ရန်ကုန်၊ ဇွန် ၂၆)

ယမန်နေ့ ညနေ၄ နာရီအချိန်ခန့်က တောင်ဥက္ကလာပ မြို့နယ်နေ မ——သည်နေအိမ်မှ သံသုမာလမ်းပေါ်ရှိ ပါရမီဆေးဆိုင် သို့ ဆေးဝယ် ယူပြီး စက်ဘီးဖြင့်နေအိမ် သို့ပြန်လာစဉ် ယဿဝတီလမ်း ထိပ်အရောက်၌ အမျိုးသားနှစ်ဦး စီးနင်းလာသော ဆိုင်ကယ် တစ်စီးက ကပ်လိုက်လာပြီး စက်ဘီးရှေ့ခြင်းအတွင်း ရေစိုးခံအိတ်ဖြင့် ထည့်ထားသည့် Kenbo အမျိုးအစား လက်ကိုင်ဖုန်းနှင့် ငွေကျပ် (၁၃၀၅၀) တို့အား လုယူမောင်းနှင်ထွက်ပြေးသွားခဲ့သည်။  လုယူခံလိုက်ရသူက ပတ်ဝန်းကျင်သို့ အကူအညီ တောင်းခံရာ လှည့်ကင်း တာဝန်ကျ ရဲတပ်ဖွဲ့ ၀င်များနှင့် ပတ်ဝန်းကျင်နေပြည်သူ များက လုယူသွားသူများအား လိုက်လံ ဖမ်းဆီးနိုင်ခဲ့သည်။  ၎င်းတို့သည် ဒဂုံမြို့ သစ်(တောင်ပိုင်း)မြို့နယ်နေသူများ ဖြစ်သည့် စာကလေး(ခ)ကျော်မျိုး ထက်၊ (၂၇)နှစ်နှင့် စည်သူနောင်၊ (၂၆)နှစ်တို့ဖြစ်ပြီး လက်ရှိ တွင် တောင်ဥက္ကလာပမြို့မရဲစခန်းက (ပ)၆၂၄ /၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂/၁၁၄ဖြင့်အမှုဖွင့်ထားသည်။  PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*