NLD အစိုးရအဖွဲ့အ​နေနဲ့၂၀၀၈ ​ခြေဥပြင်​ဆင်​​ရေးကို တစိမ့်​စိမ့်​ကြိုးစား​နေ၊ပြီးခဲ့တဲ့အစိုးရလက်​ထက်​က ပုဒ်​မ ၄၃၆ ပြင်​ဆင်​​ရေးလှုပ်​ရှားမှု​များ ၂၀၀၈ခြေဥက ပြင်​မရ​အောင်​ဆွဲထား၍အရာမထင်ခဲ့ဟု ဦးဝင်းထိန်ပြော

NLD အစိုးရအဖွဲ့အ​နေနဲ့၂၀၀၈ ​ခြေဥပြင်​ဆင်​​ရေးကို တစိမ့်​စိမ့်​ကြိုးစား​နေ၊ပြီးခဲ့တဲ့အစိုးရလက်​ထက်​က ပုဒ်​မ ၄၃၆ ပြင်​ဆင်​​ရေးလှုပ်​ရှားမှု​များ ၂၀၀၈ခြေဥက ပြင်​မရ​အောင်​ဆွဲထား၍အရာမထင်ခဲ့ဟု ဦးဝင်းထိန်ပြော
June 25, 2017 Asian Fame

6:50 pm
NLD အစိုးရအဖွဲ့အ​နေနဲ့၂၀၀၈ ​ခြေဥပြင်​ဆင်​​ရေးကို တစိမ့်​စိမ့်​ကြိုးစား​နေ၊ပြီးခဲ့တဲ့အစိုးရလက်​ထက်​က ပုဒ်​မ ၄၃၆ ပြင်​ဆင်​​ရေးလှုပ်​ရှားမှု​များ ၂၀၀၈ခြေဥက ပြင်​မရ​အောင်​ဆွဲထား၍အရာမထင်ခဲ့ဟု ဦးဝင်းထိန်ပြော

19510403_1511962968862437_5108690120855393154_n copy

ရန်ကုန် ဇွန် ၂၅

NLD အစိုးရအဖွဲ့အနေနဲ့၂၀၀၈ ခြေဥပြင်ဆင်ရေးကို လျစ်လျူမရှု့ဘဲ တစိမ့်စိမ့်ကြိုးစားနေပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ထောင်ရေးကို အားလုံးတစ်ပြေးညီလုပ်ဆောင်ပါက အလိုလိုပြင်ပြီးသားဖြစ်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်ကပြောလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမဗဟိုကော်မတီ သတ္တမအကြိမ်ပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို ရန်ကုန်မြို့၊ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ၊(ဗဟိုဌာနချုပ်)၊မှာ ဒီကနေ့ ဆက်လက်ပြုလုပ်ခဲ့အပြီးမှာ မီဒီယာများကိုသူက အခုလိုပြောတာပါ။

” ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ အဓိကရည်ရွယ်ချက်က ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ထောင်ဖို့။တပ်မတော်ရော အစိုးရရော၊ လက်နက်ကိုင်တိုင်းရင်းသားတွေရော လွှတ်တော်ရောလုပ်တဲ့အခါမှာ အကုန်လုံးတပြေးညီလုပ်တဲ့အခါ ကြာတော့ကြာမယ် မြန်တော့မမြန်ဘူး ။တစ်ချိန်မှာ အဲဒီလမ်းသာရောက်လို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အလိုလိုပြင်ပြီးသားဖြစ်သွားလိမ့်မယ်”လို့ ဦးဝင်းထိန်ကပြောပါတယ်။

ပြီးခဲ့တဲ့အစိုးရလက်ထက်က ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုတွေလုပ်ခဲ့ပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြင်မရအောင်ဆွဲထားတာမို့ မထိရောက်ခဲ့ဘူးလို့သူကဆက်ပြောပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*