NLD ပါတီဝင်​များ အတွင်း​ရေးများကို ​ဖေ့စ်​ဘုတ်​​ပေါ်တင်​ပါက အ​ရေးယူမည်

NLD ပါတီဝင်​များ အတွင်း​ရေးများကို ​ဖေ့စ်​ဘုတ်​​ပေါ်တင်​ပါက အ​ရေးယူမည်
June 25, 2017 Asian Fame

6:58 pm
NLD ပါတီဝင်​များ အတွင်း​ရေးများကို ​ဖေ့စ်​ဘုတ်​​ပေါ်တင်​ပါက အ​ရေးယူမည်

19510403_1511962968862437_5108690120855393154_n copy

ရန်ကုန် ဇွန် ၂၅

NLD ပါတီဝင်များအနေနဲ့ ပါတီအတွင်းရေးကို ဖေ့စ်ဘုတ်ပေါ်တင်ခြင်း၊မီဒီယာများကိုပြောကြားခြင်းများမလုပ်ရဘူးလို့ ၂ရက်တာ ပြုလုပ်တဲ့ပုံမှန်အစည်းအဝေးမှာ သတိပေးလိုက်ပြီး မရပါက အရေးယူမယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်ကပြောလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမဗဟိုကော်မတီ သတ္တမအကြိမ်ပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို ရန်ကုန်မြို့၊ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ၊(ဗဟိုဌာနချုပ်)၊မှာ ဒီကနေ့ ဆက်လက်ပြုလုပ်ခဲ့အပြီးမှာ မီဒီယာများကိုသူက အခုလိုပြောတာပါ။

“သတိပေးလိုက်ပြီ သတိပေးလို့မှမရရင်တော့ ပါတီစည်းကမ်းအရ အရေးယူမယ်ဆိုတာလည်း တစ်ခါတည်းအသိပေးလိုက်ပြီ”လို့ ဦးဝင်းထိန်ကပြောပါတယ်။

NLD ပါတီဝင်များအနေနဲ့ အစိုးရကိုဖြစ်စေ၊ပါတီကိုဖြစ်စေ ပြောလိုပါက စာနဲ့သော်လည်းကောင်း၊ပါးစပ်နဲ့သော်လည်းကောင်း ကြိုက်သလိုပြောလို့ရပေမဲ့ ဖေ့စ်ဘုတ်ပေါ်တင်ခြင်းနဲ့မီဒီယာများကိုပြောခြင်းတို့ကတော့ပါတီကျင့်သုံးနေတဲ့အမူအကျင့်နဲ့မကိုက်ညီဘူးလို့သူဆိုပါတယ်။

“ဒီမိုကရေစီဆန်ဆန်ကျင့်သုံးတဲ့အတွက်ကြောင့် အပေါ်ကပဲဖြစ်ဖြစ် အောက်ခြေကပဲဖြစ်ဖြစ် ဝေဖန်နိုင်တယ်၊ဆွေးနွေးနိုင်တယ်၊မေးခွန်းထုတ်နိုင်တယ်။ပြောစရာရှိရင်ကိုယ့်မိသားစုအချင်းချင်းပဲပြောရမယ်။” လို့ဦးဝင်းထိန်ကပြောပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*