ပြည်​​ထောင်​စုအဆင့်​ဝန်​ကြီးများ၏စွမ်းဆောင်ရည်ကိုဒေါ်အောင်ဆန်းစုကြည်က သုံးသပ်မှာဖြစ်ပြီး တိုင်းပြည်နယ်အသီးသီးကအစိုးရအဖွဲ့များရဲ့  စွမ်း​ဆောင်​ရည်​တွေကိုပါတီကပြန်​လည်​စိစစ်​​နေပြီလို့ ဦးဝင်းထိန်ပြော

ပြည်​​ထောင်​စုအဆင့်​ဝန်​ကြီးများ၏စွမ်းဆောင်ရည်ကိုဒေါ်အောင်ဆန်းစုကြည်က သုံးသပ်မှာဖြစ်ပြီး တိုင်းပြည်နယ်အသီးသီးကအစိုးရအဖွဲ့များရဲ့  စွမ်း​ဆောင်​ရည်​တွေကိုပါတီကပြန်​လည်​စိစစ်​​နေပြီလို့ ဦးဝင်းထိန်ပြော
June 25, 2017 Asian Fame

3:25 pm
ပြည်​​ထောင်​စုအဆင့်​ဝန်​ကြီးများ၏စွမ်းဆောင်ရည်ကိုဒေါ်အောင်ဆန်းစုကြည်က သုံးသပ်မှာဖြစ်ပြီး တိုင်းပြည်နယ်အသီးသီးကအစိုးရအဖွဲ့များရဲ့  စွမ်း​ဆောင်​ရည်​တွေကိုပါတီကပြန်​လည်​စိစစ်​​နေပြီလို့ ဦးဝင်းထိန်ပြော

19510403_1511962968862437_5108690120855393154_n copy
ရန်ကုန် ဇွန် ၂၅

ပြည်ထောင်စုအဆင့်ဝန်ကြီးများအပါအဝင် ပြည်နယ်တိုင်းအသီးသီးကအစိုးရအဖွဲ့များရဲ့ စွမ်းဆောင်ရည်တွေကို ပြန်လည်စိစစ်နေပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူဦးဝင်းထိန်ကပြောလိုက်ပါတယ်။

ပြည်ထောင်စုအဆင့်ဝန်ကြီးမျာအပါအဝင် အစိုးရအဖွဲ့တွေရဲ့ တစ်နှစ်ကျော်အတွင်း စွမ်းဆောင်ရည်များကို ပြန်လည်သုံးသပ်ပြီး အပြောင်းအလဲလုပ်ဖို့ရှိမရှိမေးခွန်းနဲ့ပတ်သတ်ပြီး အခုလိုဖြေကြားခဲ့တာပါ။

” အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရအဖွဲ့ဝင်တွေရယ်၊လွှတ်တော်တွေရယ်၊လွှတ်တော်ကိုယ်စားလှယ်တွေ၊တိုင်းနဲ့ပြည်နယ်အသီးသီးက အစိုးရအဖွဲ့တွေရယ် လေ့လာသုံးသပ်မှုတွေကတော့ အခုလုပ်နေပါပြီ” လို့ ဦးဝင်းထိန်ကပြောပါတယ်။

ဒါပေမဲ့ သုံးသပ်ချက်ရလဒ်တွေကိုတော့ အစီရင်ခံထုတ်ကြေညာတာမျိုးလုပ်မှာမဟုတ်ဘဲ CEC အဖွဲ့ဝင်အချင်းချင်းကြားမှာသာ လုပ်ဆောင်မှာလို့ပြောပါတယ်။ဒါ့အပြင် ပြည်ထောင်စုအဆင့်အစိုးရအဖွဲ့ဝင်များကိုတော့ ဒေါ်အောင်န်းစုကြည်က သုံးသပ်မှာဖြစ်တယ်လို့ဆိုပါတယ်။

သုံးသပ်မှုတွေလုပ်နေစဉ်မှာလည်း ထုတ်ပြန်သွားမှာမဟုတ်ဘူးလို့ ဦးဝင်းထိန်ကပြောပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*