ဆန်နှင့်ပြောင်းကို နယ်စပ်မှတရားဝင်တင်ပို့ခွင့်ရနိုင်ရန် တရုတ်နိုင်ငံနှင့်ညှိနှိုင်းဆောင်ရွက်နေဟု ဆို

ဆန်နှင့်ပြောင်းကို နယ်စပ်မှတရားဝင်တင်ပို့ခွင့်ရနိုင်ရန် တရုတ်နိုင်ငံနှင့်ညှိနှိုင်းဆောင်ရွက်နေဟု ဆို
June 25, 2017 Asian Fame

10:54 am
ဆန်နှင့်ပြောင်းကို နယ်စပ်မှတရားဝင်တင်ပို့ခွင့်ရနိုင်ရန် တရုတ်နိုင်ငံနှင့်ညှိနှိုင်းဆောင်ရွက်နေဟု ဆို

19420345_1473147379414206_8661351454404834065_n-2

နပြည်တော် ဇွန် (၂၅)

ပြည်တွင်းမှတရုတ်နိုင်ငံသို့တင်ပို့နေသည့်ဆန်နှင့်ပြောင်းများကို (Quota free)ဖြင့်တရားဝင်တင်ပို့နိုင်စေရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှညှိနှိုင်းမှုများ ဆောင်ရွက်နေသည်ဟုသိရသည်။

“လက်ရှိမှာ နယ်စပ်ကနေ ဆန်နဲ့ပြောင်းကို တင်ပို့ရင်ဒီဖက်ကတရားဝင်ဖြစ်ပြီးတရုတ်ဖက်ရောက်ရင် မှောင်ခိုဖြစ်သွားတယ်၊ဒါကို တရုတ်အစိုးရနဲ့ညှိပြီးတရားဝင်အဖြစ် (Quota free) နဲ့တင်ပို့နိုင်အောင် ဝန်ကြီးဌာနကနေကြိုးစားဆောင်ရွက်နေပါတယ်”ဟု လက်ထောက်အတွင်းဝန်ဦးခင်မောင်လွင်ကဆိုသည်။

တရုတ်နိုင်ငံအနေနှင့်လယ်ယာထွက်ကုန်ပစ္စည်းများတင်သွင်းခွင့်ကို ပေါ်လစီသတ်မှတ်၍ ပိတ်ပင်ထားခြင်းဖြစ်ကာ ပြည်တွင်းမှအများဆုံးတင်ပို့နေသည့်ဆန်နှင့်ပြောင်းလဲ ပါဝင်သည်။ယခုဘဏ္ဍာနှစ်အတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှဆန်တန်ချိန် (၂)သိန်းတင်ပို့ခွင့်ရရှိရန်နှင့်နယ်စပ်မှ ဆန်နှင့်ပြောင်းကို တရားဝင်အဖြစ်တင်ပို့နိုင်စေရန် အဆင့်ဆင့်ညှိနှိုင်းခြင်းများဆောင်ရွက်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရသည်

တရုတ်ပြည်တွင်းတွင် ဆန် ဆန်ကွဲနှင့် ပြောင်း များကို ဝယ်လိုအားရှိနေသော်လည်း ဗဟိုအစိုးရ၏ပေါ်လစီကြောင့်တရားမဝင် ဝယ်ယူနေရခြင်းဖြစ်သည်။ထို့ပြင်ပြည်တွင်းရှိမြန်မာကုန်သည်များအတွက်လည်း တရားမဝင်ရောင်းချနေရသည့်အတွက် မလိုလားအပ်သည့်နစ်နာမှုများ ရှိနေတာကြောင့် နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့်တရားဝင်လမ်းကြောင်းပေါ်သို့ရောက်အောင် ညှိနှိုင်းမှုများ ဆောင်ရွက်နေကြောင်းသိရသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*