ကျည်‌‌ထောင်‌စုသစ္စာ‌ဆောင်းပါး‌ရေးသားခြင်းနှင့်‌စပ်‌လျဉ်း၍ ရဲစခန်းသို့ သွားရောက်ဖြေရှင်းရန်မရှိဟု The Voice တုန့်ပြန်

ကျည်‌‌ထောင်‌စုသစ္စာ‌ဆောင်းပါး‌ရေးသားခြင်းနှင့်‌စပ်‌လျဉ်း၍ ရဲစခန်းသို့ သွားရောက်ဖြေရှင်းရန်မရှိဟု The Voice တုန့်ပြန်
June 25, 2017 Asian Fame

8:40 pm
ကျည်‌‌ထောင်‌စုသစ္စာ‌ဆောင်းပါး‌ရေးသားခြင်းနှင့်‌စပ်‌လျဉ်း၍ ရဲစခန်းသို့ သွားရောက်ဖြေရှင်းရန်မရှိဟု The Voice တုန့်ပြန်

19400507_1473542766041334_4438136542122670440_o

 

ရန်‌ကုန်‌၊ဇွန်‌ ၂၅

ဗဟန်းမြို့မရဲစခန်းက The Voice သတင်းစာအယ်‌ဒီတာချုပ်‌ ဦး‌ကျော်‌မင်း‌ဆွေနှင့်‌ ဆောင်းပါးရှင်‌ဗြိတိသျှကိုကို‌မောင်‌တို့ကို ကျည်‌‌ထောင်‌စုသစ္စာ‌ဆောင်းပါး‌ရေးသားခြင်းနှင့်‌စပ်‌လျဉ်း၍လာ‌ရောက်‌ရှင်းလင်းရန်‌ ဇွန်‌လ ၂၃ရက်‌‌နေ့က အ‌ကြောင်းကြား‌စာ‌ပေးပို့ခဲ့သည်‌ဟု ဥပ‌ဒေအကြံ‌ပေးအရာရှိ‌ရှေ့‌နေ ဦးခင်‌‌မောင်‌မြင့်‌က‌ပြောသည်‌။

ယင်းအ‌ကြောင်းကြားစာတွင်‌ အ‌ရေးယူမည့်‌ ပုဒ်‌မတပ်‌ထားခြင်းမရှိဘဲ ဆောင်းပါးရှင်‌နှင့်‌ ‌အယ်‌ဒီတာတို့ကို လာ‌ရောက်‌‌ဖြေရှင်းရန်‌သာ ‌ခေါ်ဆိုထားခြင်းဖြစ်‌သည်‌ဟု ၎င်းက‌ပြောသည်‌။

“ကျွန်‌‌တော်‌တို့ ဖြေရှင်းပြီးသား အ‌ကြောင်းအရာလဲတူ၊အမှုလဲတူ‌နေတဲ့ အတွက်‌ကို‌ကျော်‌မင်း‌ဆွေ‌ရော၊ဗြိတိသျှကိုကို‌မောင်‌အ‌နေနဲ့ရော လာ‌ရောက်‌ရှင်းလင်းဖို့ မရှိပါဘူး။မရှင်းလင်းဘူးဆိုတဲ့ အ‌ကြောင်းကိုလဲ ရဲစခန်းကို တင်‌ပြပြီးပါပြီ။”ဟု The Voice သတင်းစာမှ အကြီးတန်း‌ အမှု‌ဆောင်‌ အယ်‌ဒီတာ ဦး‌အောင်‌စိုးက‌ပြောသည်‌။

ပြန်‌ကြား‌ရေးဝန်‌ကြီးဌာန၊ပြည်‌‌ထောင်‌စုဝန်‌ကြီးထံသို့ The Voice အယ်‌ဒီတာချုပ်‌ ဦး‌ကျော်‌မင်း‌ဆွေအား ၆၆ ဃနှင့်‌ တရားစွဲဆိုခြင်းမပြုဘဲမီဒီယာ‌ကောင်‌စီ ဥပ‌ဒေပုဒ်‌မ၂၅(ခ)နှင့်‌တရားစွဲဆိုခြင်းပြုရန်‌ ကြားဝင်‌ညှိနှိုင်း‌ပေး‌စေလို‌ကြောင်း ‌တောင်းဆိုစာကို ဇွန်‌လ ၂၁ရက်‌‌နေ့က တင်‌ပြထားပြီးဖြစ်‌သည်‌ဟု ဦးခင်‌‌မောင်‌မြင့်‌က‌ပြောသည်‌။

အွန်‌လိုင်းတွင်‌ ‌ဖော်‌ပြခဲ့သည်‌ ကျည်‌‌ထောင်‌စုသစ္စာ သ‌ရော်‌စာ‌ရေးသားသူ ဗြိတိသျှကိုကို‌မောင်‌ကို ဦး‌ကျော်‌မင်း‌ဆွေ တာဝန်‌ယူမှုနှင့်‌ ပို့‌ဆောင်‌ဆက်‌သွယ်‌‌ရေးဝန်‌ကြီးဌာန မှတ်‌ချက်‌အရ တရားရုံးမှ အမှုပိတ်‌ခဲ့ပြီးဖြစ်‌သည်‌။

ကျည်‌‌ထောင်‌စုသစ္စာသ‌ရော်‌စာနှင့်‌ပက်‌သက်‌၍ The Voice သတင်းစာအယ်‌ဒီတာချုပ်‌ ကို‌ကျော်‌မင်း‌ဆွေသည် လက်ရှိတွင် ၆၆ ဃ နှင့်တရားစွဲဆိုခံထားရပြီးဗဟန်းတရားရုံးတွင်‌ သုံးကြိမ်‌ရုံးထုတ်‌ခဲ့ပြီးဖြစ်‌ကာ အာမခံ‌လျှောက်‌ထားချက်‌ကိုလည်း ယ‌နေ့တိုင်‌ လက်‌မခံပဲ ဗဟန်းတရားရုံးမှ ပယ်‌ချထားသည်‌။

အင်းစိန်‌ဗဟို အကျဉ်း‌ထောင်‌တွင်‌ အချုပ်‌ကျခံ‌နေရ‌သော ဦး‌ကျော်‌မင်း‌ဆွေအား ဗဟန်းတရားရုံးတွင်‌ ဇွန်‌လ ၃၀ရက်‌‌နေ့တွင်‌ စတုတ္ထကြိမ်‌‌မြောက်‌ ရုံး‌ထုတ်‌မည်‌ဖြစ်‌ပြီး မီဒီယာများသတင်းယူခွင့်‌‌ရ‌အောင်‌ ပြုလုပ်မည်ဟု The Voice ၏ ဥပဒေအကြံပေးက ပြော သည်‌။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*