ဦး​ကျော်​မင်း​ဆွေ၏ အာမခံ​လျေက်ထားမှု ဗဟန်းတရားရုံးက ထပ်မံပယ်ချ အာမခံပယ်ချမှု ၃ ကြိမ်အထိရှိလာ

ဦး​ကျော်​မင်း​ဆွေ၏ အာမခံ​လျေက်ထားမှု ဗဟန်းတရားရုံးက ထပ်မံပယ်ချ အာမခံပယ်ချမှု ၃ ကြိမ်အထိရှိလာ
June 23, 2017 Asian Fame

2:21 pm
ဦး​ကျော်​မင်း​ဆွေ၏ အာမခံ​လျေက်ထားမှု ဗဟန်းတရားရုံးက ထပ်မံပယ်ချ အာမခံပယ်ချမှု ၃ ကြိမ်အထိရှိလာ

4a

ရန်ကုန်၊ ဇွန် ၂၃

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့တရားစွဲဆိုခံနေရတဲ့ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေရဲ့ တတိယအကြိမ်မြောက် လျှောက်ထားတဲ့ အာမခံကို ဗဟန်းတရားရုံးက ထပ်မံပယ်ချခဲ့ပါတယ်။

“ကျွန်တော်တို့က ကျန်းမာရေးအရဆိုပြီးအာမခံလျှောက်ထားတာမဟုတ်ပါဘူး။ဦးကျော်မင်းဆွေရဲ့ ဂုဏ်သိက္ခာအရပေးသင့်ပါတယ်ဆိုပြီး ပုဒ်မ ၄၉၇(၁)အရ လျှောက်ထားတာပါ။ ဆက်သွယ်ရေးဥပဒေမှာလည်း အာမခံမပေးရဆိုတဲ့ အချက်မပါပါဘူး။ အခုလို အချုပ်ခံနဲ့တရားရင်ဆိုင်နေရတာဟာ တရားမျှတမှုမရှိဘူးလို့ ပြည်သူတွေရှုမြင်နေချိန်မှာ အခုလိုဆုံးဖြတ်တာဟာ ဗဟန်းမြို့နယ်တရားသူကြီးက သူ့သမိုင်းသူရေးလိုက်တာလို့ပဲရှုမြင်ပါတယ်”လို့ The Voice သတင်းစာမှ အကြီးတန်းအယ်ဒီတာဦးအောင်စိုးကပြောပါတယ်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုခံရတဲ့ The Voice သတင်းစာအယ်ဒီတာချုပ် ဦးကျော်မင်း ဆွေကို ဗဟန်းတရားရုံးမှာ တတိယအကြိမ်အဖြစ်ရုံးထုတ်လာခဲ့ပါတယ်။ကျည်ထောင်စုသစ္စာ သရော်စာကို အွန်လိုင်းမှာ ဖော်ပြခဲ့မှုကြောင့် အခုလို တရားစွဲဆို ခံရတာဖြစ်ပြီး သရော်စာ ရေးသားခဲ့သူ ဗြိတိသျှကိုကိုမောင် ကိုတော့ ဦးကျော်မင်းဆွေ ရဲ့ပြောဆိုချက် နဲ့ ပို့ဆောင် ဆက်သွယ်ရေး ၀န်ကြီးဌာနရဲ့မှတ်ချက်အရ အရ ပြီးခဲ့တဲ့ အပတ်က တရားရုံးမှ တရားသေလွှတ်ပေးခဲ့ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*