အင်းစိန်ထောင် မှခေါ်ထုတ်လာသည့် ရုံးထုတ် တရားခံတစ်ဦး ၏ ကိုယ်ပေါ်တွင် မူးယစ်ဆေးဝါး များတွေ့ရှိ

အင်းစိန်ထောင် မှခေါ်ထုတ်လာသည့် ရုံးထုတ် တရားခံတစ်ဦး ၏ ကိုယ်ပေါ်တွင် မူးယစ်ဆေးဝါး များတွေ့ရှိ
June 23, 2017 Asian Fame

11:17 am
အင်းစိန်ထောင် မှခေါ်ထုတ်လာသည့် ရုံးထုတ် တရားခံတစ်ဦး ၏ ကိုယ်ပေါ်တွင် မူးယစ်ဆေးဝါး များတွေ့ရှိ

(ရန်ကုန်၊ ဇွန်၂၃)

တရားရုံးတွင် အမှုရင်ဆိုင်ရန် အတွက် အင်းစိန် အကျဉ်းထောင် ထဲမှ ခေါ်ဆောင်လာသော ရုံးထုတ် တရားခံတစ်ဦး ၏ ခန္ဓာ ကိုယ်ပေါ်တွင် မူးယစ်ဆေးဝါးများ တွေ့ရှိခဲ့၍ ရဲက အရေးယူ လိုက်ရသော ဖြစ်စဉ်တစ်ခု ယမန်နေ့က ဖြစ်ခဲ့သည်ဟု သတင်း ရရှိသည်။

အသက် ၂၀အရွယ် သာရှိသေးပြီး မူးယစ်မှုနှင့် အမှုရင်ဆိုင်နေဆဲ ယင်း ရုံးထုတ် တရားခံကို အင်းစိန်ထောင် အတွင်းမှ နေ၍ ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးသို့ အချုပ်ကားဖြင့် ထိုနေ့ မနက်ပိုင်းက ခေါ်ဆောင် လာခဲ့ကြောင်း၊ ယင်းနောက် တရားရုံး အချုပ်ထောင် သို့ ထည့်သွင်းရန် အချုပ်ယာဉ်ပေါ်မှ ဆင်းခိုင်းစဉ် မူးယစ်ဆေးဝါး များတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ရဲမှတ်တမ်း တွင် ရုံးထုတ် တရားခံသည် ယာဘက်လက် အတွင်း ပလပ်စတစ်အိတ် အကြည် တစ်ခု ကိုင်ဆောင် ထားသည် ကို တွေ့ရသဖြင့် ဖွင့်ဖောက် စစ်ဆေးရာ ခဲရောင်ပူစီပေါင်း အတွင်းမှ WY စိတ်ကြွ မူးယစ်ဆေးပြား ၅၄ပြား၊ မူးယစ်ဆေးပြား အကြေ နှင့် အမှုန့်(၁ဒသမ၆ဂရမ်) နှင့် မီးခြစ် တစ်လုံး တွေ့ခဲ့ရသည် ဟု ဆိုထားသည်။

လက်ရှိတွင် ၎င်းလူငယ်ကို သာကေတနယ်မြေ ရဲစခန်းက မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် အရေးယူထားသည်။

အကျဉ်းထောင် စည်းကမ်း ဥပဒေအရ ရုံးထုတ် တရားခံများကို စည်းကမ်း ထိန်းသိမ်းရေးနေရာ ၊ထောင်တံခါးနေရာ အစ ရှိသည့် သတ်မှတ်နေရာ တို့တွင် တားမြစ်ပစ္စည်းများ ပါ/မပါစစ်ဆေးပြီး မှရဲထံ အပ်နှံရလေ့ ရှိကြောင်း၊ ယင်းကို တာဝန်ရှိသူ ရဲတပ်ဖွဲ့ဝင်မှ လက်မှတ် ထိုး၍လက်ခံရကြောင်း အကျဉ်းဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးကပြောသည်။

ယခုအမှုမှာမူ ရဲတပ်ဖွဲ့က ကြိုတင်သတင်း ရခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးနိုင်ခဲ့သဖြင့် ဖြစ်စဉ် အသေးစိတ် သိရှိနိုင်ရန် စစ်ဆေးနေဆဲဟု သတင်း ရရှိပါသည်။

MTA

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*