ဘဏ်အကောင့် များ ပိတ်ခံလိုက်ရသည့် မူဆယ်​က ကုန်သည်​များ ယနေ့ဆန္ဒပြ

ဘဏ်အကောင့် များ ပိတ်ခံလိုက်ရသည့် မူဆယ်​က ကုန်သည်​များ ယနေ့ဆန္ဒပြ
June 23, 2017 Asian Fame

12:07 pm
ဘဏ်အကောင့် များ ပိတ်ခံလိုက်ရသည့် မူဆယ်​က ကုန်သည်​များ ယနေ့ဆန္ဒပြ

193

မူဆယ်၊ဇွန်၂၃

တရုတ်နိုင်ငံ ဘက်က မြန်မာကုန်သည်များ၏ တရုတ်ဘဏ်အကောင့် တစ်ထောင်ကျော်ကို ပိတ်လိုက်သည့် အတွက် မူဆယ်က ကုန်သည်များက ယနေ့တွင် သဘောမတူကြောင်းနှင့်အကောင့်များ ပြန်ဖွင့်ပေးရန်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ကျပ်ငွေဘီလျံပေါင်းများစွာ ဆုံးရှုံးနေသည့်အပြင် နယ်စပ်ကုန်သွယ်ရေးများ ထိခိုက်နေသည့် အတွက် ယခုလို ဆန္ဒပြရခြင်းဖြစ်ကြောင်း ကုန်သည် အချို့က ပြောကြသည်။လယ်ယာထွက်ကုန်ပစ္စည်းဆန်၊ ပဲ၊ပြောင်း၊နှမ်း၊သကြားကုန်သွယ်ရေးလုပ်ကိုင်သူများအပါအ၀င် အခြားသော ကုန်သွယ်ရေးလုပ်ကိုင်သူများ၏ အကောင့်များကို တရုတ်နိုင်ငံက ပိတ်ပင်ခဲ့သည်။တရုတ်ရဲချုပ်ရုံးက ယူနန်အစိုးရ ကိုပင် အသိမပေးဘဲ မြန်မာနိုင်ငံသားကုမ္ပဏီလုပ်ငန်းရှင်များ၏ ဘဏ်အကောင့်များ ကို တိုက်ရိုက် ပိတ်ခဲ့သည်။

မြန်မာအစိုးရက မြန်မာနိုင်ငံသားကုမ္ပဏီလုပ်ငန်းရှင်များ၏ ဘဏ်အကောင့်များ ပိတ်ခံလိုက်ရသည့်အပေါ် တရုတ်သံရုံးသို့ ဖုန်းဆက်ပြီး ဖြေရှင်းဆောင်ရွက်ပေးရန် ညှိနှိုင်းဆောင်ရွက်ထားသည်။မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ကလည်း သံရုံးမှ မြန်မာ-တရုတ် နှစ်နိုင်ငံ သက်ဆိုင်ရာဌာနများနှင့် အချိန်မီညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်းနှင့်တရုတ်နိုင်ငံ၏ အထက်ဖော်ပြပါ ယာယီလုပ်ဆောင်ချက်သည် နှစ်နိုင်ငံ တရားဝင် နယ်စပ် ကုန်သွယ်ရေး လုပ်ကိုင်သူများ၏ ရေရှည်အကျိုးစီးပွားနှင့် တရုတ်-မြန်မာ ပုံမှန် နယ်စပ်ကုန်သွယ်ရေးကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။

Photos Cerdit; Langle Thang

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*