စီမံကိန်းတွေ ကြောင့် ဒေသခံ​တွေ ထိခိုက်​မှု ရှိခဲ့ရင်၊ စီမံကိန်းတွေဟာ နိုင်​ငံ​တော် ​အတွက်​ အကျိုးမရှိရင်​​ လျော်​​ကြေး​ပေးကာ စီမံကိန်း​တွေကို ရပ်​ဆိုင်းမှာ ဖြစ်​တယ်​လို့ စီမံ/ဘဏ္ဍာ ဒုဝန်ကြီးပြော

စီမံကိန်းတွေ ကြောင့် ဒေသခံ​တွေ ထိခိုက်​မှု ရှိခဲ့ရင်၊ စီမံကိန်းတွေဟာ နိုင်​ငံ​တော် ​အတွက်​ အကျိုးမရှိရင်​​ လျော်​​ကြေး​ပေးကာ စီမံကိန်း​တွေကို ရပ်​ဆိုင်းမှာ ဖြစ်​တယ်​လို့ စီမံ/ဘဏ္ဍာ ဒုဝန်ကြီးပြော
June 23, 2017 Asian Fame

5:05 pm
စီမံကိန်းတွေ ကြောင့် ဒေသခံ​တွေ ထိခိုက်​မှု ရှိခဲ့ရင်၊ စီမံကိန်းတွေဟာ နိုင်​ငံ​တော် ​အတွက်​ အကျိုးမရှိရင်​​ လျော်​​ကြေး​ပေးကာ စီမံကိန်း​တွေကို ရပ်​ဆိုင်းမှာ ဖြစ်​တယ်​လို့ စီမံ/ဘဏ္ဍာ ဒုဝန်ကြီးပြော

minister(နေပြည်တော် ၊ ဇွန် ၂၃)

ပြည်သူတွေ ကန့်ကွက်နေတဲ့ စီမံကိန်း တွေဖြစ်တဲ့ မြစ်ဆုံ စီမံကိန်းနဲ့ လက်ပံတောင်းတောင် စီမံကိန်းတို့ကို ဆက်လုပ်သင့်/မသင့် အဓိက ထားပြီး စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြော ပါတယ်။

“မပြီးပြတ်သေးတဲ့ စီမံကိန်းတွေကို ထပ်ပြီး စိစစ်နေတယ်၊ လက်ပံတောင်းတောင်၊ မြစ်ဆုံ ဒါတွေကို အဓိကထား စိစစ်နေပါတယ်”လို့ သူကပြောပါတယ်။

ဇွန်လ ၂၃ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး အပြီးမှာ သူက သတင်း မီဒီယာတွေကိုဖြေကြားခဲ့တာပါ။

ပြီးခဲ့တဲ့ အစိုးရလက်ထက်က စာချုပ်ချုပ်ဆိုပြီး လုပ်နေတဲ့ စီမံကိန်းတွေကို နိုင်ငံတော် အတွက် အကျိုး ရှိမရှိ ဒေသခံပြည်သူတွေ ထိခိုက်မှုရှိမရှိပေါ် မူတည်ပြီး ကော်မရှင်တွေ ဖွဲ့ကာ စစ်ဆေးမှုတွေကို လုပ်ဆောင် ခိုင်းထားတယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍရေး ဒုဝန်ကြီး ဦးမောင်မောင်ဝင်း ကဆိုပါတယ်။

NLD အစိုးရက မြစ်ဆုံ စီမံကိန်းနဲ့ ပတ်သတ်လို့ စစ်ဆေးရေးကော်မရှင် တစ်ရပ် ဖွဲ့ခဲ့ရာမှာ ပြည်ခိုင်ဖြိုး လွှတ်တော် ကိုယ်စားလှယ် လက်ရှိ ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဌ ဦးတီခွန်မြတ်ကို ကော်မရှင် ဥက္ကဌ နေရာပေးပြီး စစ်ဆေး ခိုင်းထားပါတယ်။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက စီမံကိန်းတွေ ကြောင့် ဒေသခံတွေ ထိခိုက်မှု ရှိခဲ့ရင်၊ စီမံ ကိန်းတွေ ဟာ နိုင်ငံတော် အတွက် အကျိုး မရှိရင်လျော်ကြေးပေးကာ စီမံကိန်းတွေကို ရပ်ဆိုင်းမှာဖြစ်တယ် လို့လည်း သူက ပြောခဲ့ ပါသေး တယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*