လက်ထောက်ဆရာဝန် ၂၀၀၀ကျော် ခန့်ထားမည်ဖြစ်သဖြင့် လာရောက်လျှောက်ထားကြရန် ရာထူးဝန်အဖွဲ့ကြေညာ

လက်ထောက်ဆရာဝန် ၂၀၀၀ကျော် ခန့်ထားမည်ဖြစ်သဖြင့် လာရောက်လျှောက်ထားကြရန် ရာထူးဝန်အဖွဲ့ကြေညာ
June 22, 2017 Asian Fame

1:31 pm
လက်ထောက်ဆရာဝန် ၂၀၀၀ကျော် ခန့်ထားမည်ဖြစ်သဖြင့် လာရောက်လျှောက်ထားကြရန် ရာထူးဝန်အဖွဲ့ကြေညာ

နေပြည်တော်၊ဇွန်၂၂

ပြည်ထောင်စုရာထူးဝန်အဖွဲ့က ဇွန်လ ၁၉ရက်နေ့ ရက်စွဲ ဖြင့် လက်ထောက်ဆရာဝန် ၂၀၀၀ကျော် ကို ခန့်ထားသွားရန်ရှိရာ လာရောက်လျှောက်ထားနိုင်ကြောင်းကြေညာထားသည်။ ထုတ်ပြန်ထားရာတွင် ဇူလိုင်လ ၇ ရက်နေ့ နောက်ဆုံးထားလျှောက်ထားရမည်ဟု ပါရှိထားသည်။

ယင်းလက်ထောက်ဆရာဝန် ၂၀၂၂ ကို ကျန်းမာရေး နှင့် အားကစား ၀န်ကြီး ဌာန လက်အောက်က ဦးစီးဌာန ၆ခု ၊နေပြည်တော်စည်ပင်၊လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီးဌာန၊မန္တလေးလျှပ်စစ်ကော်ပိုရေးရှင်း နှင့် ဇမ္ဗူသီရိ အထူးကု ဆေးရုံ တို့တွင် ခန့်ထားမည်ဖြစ်သည်။ကျန်းမာရေး နှင့် အားကစား ၀န်ကြီး ဌာန ပြောခွင့်ရ အရာရှိ ဦးစိန်ဝင်းက က ”လစ်လပ်နေရာ တွေ အတွက် ခေါ်ယူတာပါ”ဟု ပြောသည်။

WS

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*