နိုင်​ငံ​တော်​အကြီးအကဲ​တွေရဲ့ ကျန်းမာ​ရေးကို တာဝန်​ယူ ကုသပေးနေတယ်လို့ ကျန်းမာရေး နဲ့ အားကစား ၀န်ကြီး ပြော

နိုင်​ငံ​တော်​အကြီးအကဲ​တွေရဲ့ ကျန်းမာ​ရေးကို တာဝန်​ယူ ကုသပေးနေတယ်လို့ ကျန်းမာရေး နဲ့ အားကစား ၀န်ကြီး ပြော
June 22, 2017 Asian Fame

4:12 pm
နိုင်​ငံ​တော်​အကြီးအကဲ​တွေရဲ့ ကျန်းမာ​ရေးကို တာဝန်​ယူ ကုသပေးနေတယ်လို့ ကျန်းမာရေး နဲ့ အားကစား ၀န်ကြီး ပြော

myinthtwe

နေပြည်တော် ၊ ဇွန် ၂၂

ဆေးလောကကျင့်ဝတ်အရ တရားဝင်သတင်းမထုတ်ပြန်သော်လည်းနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံတော်အကြီးအကဲတွေရဲ့ ကျန်းမာရေးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကနေ တာဝန်ယူ ကုသပေးနေတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောပါတယ်။

“ဆေးလောက ကျင့်ဝတ်အရ သတင်းကထုတ်ပြန်ဖို့မရှိဘူး ၊ ဥပမာ ကျွန်တော်က ဆရာဝန် ကျွန်တော်က သမ္မတကို ကုသတာကို ပြောခွင့်မရှိဘူး ၊ ဆရာဝန်ချင်းတောင်ပြောခွင့်မရှိဘူး”လို့သူကပြောပါတယ်။ဇွန်လ ၂၂ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီးမှာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်းပြောကြားခဲ့တာပါ။

နိုင်ငံတော်သမ္မတ အပါအ၀င် နိုင်ငံတော် ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ဟာ နိုင်ငံထဲမှာပဲ ဆေးစစ်ဆေးမှုခံယူခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပင်လျှင် မျက်စိခွဲစိတ်မှုကို မြန်မာ နိုင်ငံ ထဲမှာပဲ ဆောင်ရွက်ခဲ့ကြပါတယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*