မင်္ဂလာဒုံမြို့နယ်​က ကျူး​ကျော်​များကို သက်​​သေခံစမတ်​ကတ်​ ၅၀၀၀ နီးပါးထုတ်​​ပေး

မင်္ဂလာဒုံမြို့နယ်​က ကျူး​ကျော်​များကို သက်​​သေခံစမတ်​ကတ်​ ၅၀၀၀ နီးပါးထုတ်​​ပေး
June 21, 2017 Asian Fame

3:15 pm
မင်္ဂလာဒုံမြို့နယ်​က ကျူး​ကျော်​များကို သက်​​သေခံစမတ်​ကတ်​ ၅၀၀၀ နီးပါးထုတ်​​ပေး

kyu

ရန်ကုန်၊ ဇွန် ၂၁

မင်္ဂလာဒုံမြို့နယ်အတွင်းက ကျူးကျော်အဖြစ်စာရင်းပေးထားတဲ့အိမ်ထောင်စုတွေကို ဒီကနေ့ မှာ ကျူးကျော်သက်သေခံစမတ်ကတ်တွေထုတ်ပေးခဲ့ပါတယ်။ မနေ့က ဇွန်လ၂၀ရက်နေ့က စတင်ထုတ်ပေးနေတာဖြစ်ပြီး ဒီကနေ့ဒုတိယမြောက်နေ့ဖြစ်ပါတယ်။

ကျူးကျော်စမတ်ကတ်များထုတ်ပေးမှုများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့World Vision အဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ကြတာဖြစ်ကာ မင်္ဂလာဒုံမြို့နယ်အတွက်တော့ ကျူးကျော်စမတ်ကတ်ငါးထောင်နီးပါးထုတ်ပေးတာဖြစ်တယ်လို့World Vision အဖွဲ့ခေါင်းဆောင် ဒေါ်မိုးမိုးဝင်း ကပြောပါတယ်။ဒါပေမဲ့ ကျူးကျော်မဟုတ်တဲ့အတွက် ကျူးကျော်စာရင်းသွင်းမှာမဟုတ်သလို ဖယ်လည်းမပေးဘူးဆိုတဲ့ အိမ်ထောင်စုများလည်း ၅၀ ကျော်ရှိနေတယ်လို့သိရပါတယ်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၂၇ခုက ကျူးကျော်များကို ကျူးကျော်စလစ်များထုတ်ပေးနေမှုဟာ ၅ ပုံ ၃ ပုံပြီးနေပြီဖြစ်ကာ ဧက ၂၀၀၀ မြေနေရာစီစဉ်ပြီး နေရာချထားပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရကမနေ့ကပြောထားပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းက မဟာဓာတ်အားလိုင်း၊ဂျိုးဖြူပိုက်လိုင်း၊ရထားသံလမ်းဘေးတို့ရဲ့ သတ်မှတ်ဧရိယာအတွင်းနဲ့အများပြည်သူပိုင်နေရာများမှ နေထိုင်သူများကိုကျူးကျော်အဖြစ်သတ်မှတ်ကောက်ခံတာဖြစ်တယ်လို့သိရပါတယ်။မင်္ဂလာဒုံမြိုနယ်ပြီးရင် လှည်းကူးမြို့နယ်က ကျူးကျော်များကို စမတ်ကတ်ထုတ်ပေးသွားမှာလို့သိပါတယ်။

ဖြိုးထက်အောင်
ဓာတ်ပုံ-အောင်နိုင်စိုး(ကစ္ဆပ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*