ဖယ်ရှားခံ ကျူးကျော်များကို ပြည်ခိုင်ဖြိုးသွားလှူ

ဖယ်ရှားခံ ကျူးကျော်များကို ပြည်ခိုင်ဖြိုးသွားလှူ
June 21, 2017 Asian Fame

4:10 pm
ဖယ်ရှားခံ ကျူးကျော်များကို ပြည်ခိုင်ဖြိုးသွားလှူ

gh

ရန်ကုန်၊ဇွန် ၂၁

အိုးအိမ် ဖျက်သိမ်းခံလိုက်ရသည့် လှည်းကူးမြို့နယ် အမြန်လမ်းဘေးက ကျူးကျော်များကို ပြည်ခိုင်ဖြိုးပါတီက ထမင်းထုတ်များ သွားဝေခြင်း နှင့် ကျူးကျော်များ ယာယီနားခိုနေထိုင်လျက်ရှိသည့် ရဲမွန်စံပြကျေးရွာ အတွင်းက ရဲမွန်တပ်ဦးဘုန်းတော်ကြီးကျောင်းသို့သွားရောက်ကာ ဆရာတော်ဘုရားထံ ကြက်ဥ(၅၁၀၀)လုံး၊ဆီပိဿာ (၅၀) ကြက်သွန် တစ်အိတ် အစရှိသည် တို့ တစ်နေ့က သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

လှူဒန်းမှုကို ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဗဟိုကော်မတီဝင် ဦးသာဝင်း၊ မြောက်ပိုင်းခရိုင်တာဝန်ခံ ဗဟိုကော်မတီဝင် ဦးတင်မောင်ဝင်း တို့က ဦးဆောင်ခဲ့ကြသည်။နေအိမ်များ ဖယ်ရှားခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ဖြစ်နေသော ပြည်သူများ စားသောက်ရေးအဆင်ပြေစေရန် လှူဒန်းခြင်း ဖြစ်သည်ဟု ပါတီက သတင်းထုတ်ပြန်ထားသည်။လက်ရှိတွင် အစိုးရက ယင်းနေရာက ပြည်သူများကို ကျူးကျော်ဖြစ်ကြောင်း အသိအမှတ်ကဒ်များ စတင်ထုတ်ပေးနေပြီ ဖြစ်သည်။

PNews

Photos –  Credit USDP

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*