သမ္မတ စပ်ရွှေသိုက်၏ သား ဦးဟန်ညောင်ဝေ ကို ဗီဇာပိတ်ပင်ထားခြင်းမရှိကြောင်း အစိုးရပြော

သမ္မတ စပ်ရွှေသိုက်၏ သား ဦးဟန်ညောင်ဝေ ကို ဗီဇာပိတ်ပင်ထားခြင်းမရှိကြောင်း အစိုးရပြော
June 21, 2017 Asian Fame

7:47 pm
သမ္မတ စပ်ရွှေသိုက်၏ သား ဦးဟန်ညောင်ဝေ ကို ဗီဇာပိတ်ပင်ထားခြင်းမရှိကြောင်း အစိုးရပြော

19248016_1469440476451563_1852755179806466127_n

ပုံစာ- ၂၀၁၂ ခုနှစ် စက်တင်ဘာ ၄ ရက်နေ့က ဦးဟန်ညောင်ဝေ မြန်မာနိုင်ငံသို့ရောက်ရှိလာစဉ်။

 

နေပြည်တော် ၊ ဇွန် ၂၁

မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတ စစ်ရွှေသိုက်ရဲ့ သားတစ်ဦးဖြစ်တဲ့ ဦးဟန်ညောင်ဝေ ကို မြန်မာနိုင်ငံကိုပြည်ဝင်ခွင့်ဗီဇာမပေးတော့ဘူးဆိုတာမဟုတ်မှန်ကြောင်း နိုင်ငံတော်သမ္မတရုံးကဒီကနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြောကြားပါတယ်။

ဦးဟန်ညောင်ဝေဟာ ပြီးခဲ့တဲ့ အစိုးရလက်ထက်တုန်းက ဘယ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့ အခြေစိုက် EURO Burma Office အဖွဲ့ကနေ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

၂၀၁၂ နောက်ပိုင်းမှာ ဦးဟန်ညောင်ဝေဟာ Multiple ဗီဇာနဲ့ နှစ်ရှည်မြန်မာနိုင်ငံမှာ နေထိုင်ခွင့်ရရှိခဲ့ပြီး မြန်မာ့ငြိမ်းချမ်းရေးစင်တာနဲ့ပူးတွဲပြီး ငြိမ်းချမ်းရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

အခု အစိုးရအနေနဲ့ EURO Burma Office နဲ့ ချုပ်ဆိုထားတာတွေ မရှိတဲ့အတွက် ဦးဟန်ညောင်ဝေကို အရင်လို Multiple ဗီဇာ နဲ့နှစ်ရှည် မပေးနိုင်တော့ကြောင်း နိုင်ငံတော်သမ္မတရုံးညွှန်ချုပ် ဦးဇော်ဌေးက သတင်းစာရှင်းလင့်းပွဲမှာပြောပါတယ်။

ဒါပေမဲ့လည်း ဦးဟန်ညောင်ဝေ ဟာမြန်မာနိုင်ငံအတွင်း အချိန်မရွှေးလာရောက်နိုင်ကြောင်း ၊ Social ဗီဇာသာရရှိမှာဖြစ်ကြောင်း ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ရက်သတင်းစာမျက်နှာတွေနဲ့ သတင်းဌာနအချို့မှာ ဦးဟန်ညောင်ဝေကို မြန်မာအစိုးရက ပြည်ဝင်ခွင့်ဗီဇာမပေးတော့ဘူးဆိုတဲ့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်လာခဲ့ပါတယ်။

ဒီသတင်းတွေထွက်ပေါ်လာပြီးနောက်ပိုင်းမှာပဲ အစိုးရက အခုလိုသတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ပြီး ရှင်းလင်းပြောဆိုတာဖြစ်ပါတယ်။

ဦးဟန်ညောင်ဝေကို အရင်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က MJEV လို့ခေါ်တဲ့ တနှစ် ဗီဇာ သက်တမ်းမျိုးထုတ်ပေးခဲ့ပြီး သုံးကြိမ် ထုတ်ပေးခဲ့ဘူးကြောင်းသိရပါတယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*