ထမင်းဖိုးရှင်းရန် ငွေ ၃၅၀၀၀ မရှိ၍ အုပ်စုဖွဲ့ လုယက်ခဲ့ကြသည့် လူငယ်အုပ်စု

ထမင်းဖိုးရှင်းရန် ငွေ ၃၅၀၀၀ မရှိ၍ အုပ်စုဖွဲ့ လုယက်ခဲ့ကြသည့် လူငယ်အုပ်စု
June 21, 2017 Asian Fame

2:31 pm
ထမင်းဖိုးရှင်းရန် ငွေ ၃၅၀၀၀ မရှိ၍ အုပ်စုဖွဲ့ လုယက်ခဲ့ကြသည့် လူငယ်အုပ်စု

lu

ရန်ကုန်၊ဇွန် ၂၁

ထမင်းဖိုးပေးစရာ ငွေ ၃၅၀၀၀ မရှိ၍ အုပ်စုဖွဲ့ လုယက်ခဲ့သည်ဟု ထွက်ဆိုထားသော လူငယ် ၁၁ဦးကို ရဲက ဖမ်းဆီးထားသည်။

၎င်းတို့သည် လုယက်မှုမကျူးလွန်ခင် ဇွန်လ ၁၉ရက်နေ့မနက်ပိုင်းက Probox ယာဉ်ဖြင့် ဗိုလ်တထောင် ဘုရားအနီး ထမင်းဆိုင်တွင် ထမင်းဝင်စားခဲ့ရာ ထမင်းဖိုးငွေ (၃၅၀၀၀)အားမရှင်းနိုင်သဖြင့်၎င်းယာဉ်၏ ၀ှီးတက်နှင့် ယာဉ်မောင်းလိုင်စင်တို့အားပေးခဲ့ပြီး နောက်ရက်တွင်လာရောက်၍ ရွေးမည်ဟုပြောဆိုခဲ့ကြသည်။

ယင်းနောက် ဆိုင်မှထွက်လာပြီး ယာဉ်ပေါ်တွင် လူငယ် (၁၁)ဦးတို့က ပိုက်ဆံမရှိ၍ လမ်းပေါ်တွင်တွေ့ရှိ သူများအားလုယက်ရန် တိုင်ပင်ခဲ့ကြပြီးနောက် ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်ရှေ့အရောက်တွင် လူငယ်နှစ်ဦးအား တွေ့ရှိသဖြင့် လုယက်ခဲ့ကြခြင်း ဖြစ်သည် ဟု ရန်ကုန်ရဲက ပြောဆိုထားသည်။လူငယ်များ လုယက်ချိန်သည် ည ၉နာရီခွဲအချိန်သာ ရှိသေးသည်။

လုယက်ခံခဲ့ရသူက ၎င်းနှင့် ညီဝမ်းကွဲတော်စပ် သူ တို့ ပြည်လမ်းအတိုင်း ဒဂုံမြို့နယ်ဘက်မှ စမ်းချောင်းမြို့နယ်ဘက်သို့ပြန်လာစဉ် ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်ရှေ့အရောက်၌ Probox အဖြူရောင် အငှားယာဉ်တစ်စီးရောက်ရှိလာပြီး၎င်းယာဉ်ပေါ်မှ လူငယ် ၄ ဦးခန့်ဆင်းလာကာ ၎င်းတို့အားလက်သီးဖြင့်ထိုးကြိတ်၍ SAMSUNG Glaxy J5 အမျိုးအစား လက်ကိုင်ဖုန်းအားလုယူခဲ့သည်ဟု ရဲထံ တိုင်တန်းခဲ့သည်။

ထိုအချိန်တွင် လုယူခံခဲ့ရသူတို့၏သူငယ်ချင်းများရောက်ရှိလာကြသည့်အတွက် လုယူသူများအား ပြန်လည်ခုခံဖမ်းဆီးနိုင်ခဲ့ပြီး တောင်ဥက္ကလာပမြို့နယ်နေကျော်ဇင်လတ်(ခ)မွှေးနီကို ဖမ်းဆီးရမိခဲ့သည်။ကျန်သူများမှာ မော်တော်ယာဉ်ဖြင့်မောင်းနှင်ထွက်ပြေးသွားခဲ့ကြသည်။ရဲက တိုင်တန်းချက်အရ ဒဂုံမြို့မရဲစခန်း(ပ)၁၀၁/၂၀၁၇၊ ရာဇ သတ်ကြီးပုဒ်မ ၃၉၄ဖြင့်အမှုဖွင့်ကာအမှုမှထွက်ပြေးလွတ်မြောက်သွားသူများကို အချိန်တိုအတွင်း ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*