ပုဒ်မ ၆၆ဃ ဖျက်​သိမ်း​ပေး​ရေးလက်​မှတ်​များ ရန်​ကုန်​တိုင်းစစ်​ဌာနချုပ်​အနီး တွင် ​ကောက်​ခံသွားရန် စီစဉ်နေ

ပုဒ်မ ၆၆ဃ ဖျက်​သိမ်း​ပေး​ရေးလက်​မှတ်​များ ရန်​ကုန်​တိုင်းစစ်​ဌာနချုပ်​အနီး တွင် ​ကောက်​ခံသွားရန် စီစဉ်နေ
June 20, 2017 Asian Fame

3:43 pm
ပုဒ်မ ၆၆ဃ ဖျက်​သိမ်း​ပေး​ရေးလက်​မှတ်​များ ရန်​ကုန်​တိုင်းစစ်​ဌာနချုပ်​အနီး တွင် ​ကောက်​ခံသွားရန် စီစဉ်နေ

66

ရန်ကုန် ဇွန် ၂၀

ပုဒ်မ ၆၆ ဃ နဲ့ မီဒီယာကို တရားစွဲခဲ့တဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်အနီးမှာ ပုဒ်မ ၆၆ဖျက်သိမ်းပေးရေး လက်မှတ်များ ကောက်ခံသွားမယ်လို့မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီ(PCMJ)မှ သိရပါတယ်။

လက်မှတ်ကောက်ခံမှုကို ဇွန်လ ၂၃ရက်နေ့ နေ့လယ် ၁နာရီမှ ၃ နာရီထိ ကောက်ခံသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။အခုလိုလုပ်ဆောင်ရတာဟာ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှဒုတိယဗိုလ်မှူးကြီးလင်းထွန်းက The Voice သတင်းမီဒီယာက ဖော်ပြခဲ့တဲ့ ကျည်ထောင်စု သစ္စာ ဆောင်းပါးနဲ့ပတ်သက်ပြီး ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဃနဲ့ တရားစွဲဆို အမှုဖွင့်ခဲ့တဲ့အတွက် အခုလိုလှုပ်ရှားမှုလုပ်ဆောင်ရတာဖြစ်တယ်လို့ ကော်မတီကဆိုထားပါတယ်။

3

လက်မှတ်တွေကို ဇွန်၂၁ ရက်နေ့မှဇူလိုင်လ ၁၁ ရက်နေ့အထိ စုဆောင်းသွားမှာ ဖြစ်ပြီး အဆိုပါ လက်မှတ်များကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြညသူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့ထံ ပေးပို့သွားမည်ဖြစ်တယ်လို့ ယင်းကော်မတီကထုတ်ပြန်ထားပါတယ်။

ကျည်ထောင်စုသစ္စာသရော်စာရေးသားဖော်ပြမှုကြောင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့တရားစွဲခံရတဲ့ The Voice သတင်းစာအယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့သရော်စာရေးသားသူ ဗြိတိသျှကိုကိုမောင်တို့ကို့ ပြီးခဲ့တဲ့ဇွန်လ ၁၆ရက်နေ့က ဗဟန်းတရားရုံးမှာ ဒုတိယအကြိမ်ရုံးထုတ်ခဲ့ပြီး ဦးကျော်မင်းဆွေရဲ့ထွက်ဆိုချက်အရ အမှုနဲ့မသက်ဆိုင်မှုဘူးဆိုပြီးဗြိတိသျှ ကိုကိုမောင်ကို တရားသေလွှတ်ပေးခဲ့ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*