အလွတ်ကျက်မှတ်သင်ကြားနည်း ကို အစိုးရသစ် ပြောင်းမယ်

အလွတ်ကျက်မှတ်သင်ကြားနည်း ကို အစိုးရသစ် ပြောင်းမယ်
June 20, 2017 Asian Fame

6:01 pm
အလွတ်ကျက်မှတ်သင်ကြားနည်း ကို အစိုးရသစ် ပြောင်းမယ်

ht

နေပြည်တော် ၊ ဇွန် ၂၀

အလွတ်ကျက်မှတ်တဲ့ သင်ကြားနည်း ကနေ သင်ယူသူဗဟိုပြုတဲ့ စနစ်ဆီကို ပညာရေးဝန်ကြီးဌာနက ကူးပြောင်း သွားဖို့ စီစဉ်နေတယ်လို့ ပညာရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကပြောပါတယ်။

ဇွန်လ ၂၀ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး အတွင်း အမျိုးသားပညာရေးမူဝါဒကော်မရှင်ရဲ့ ၆လတာ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက ဖတ်ကြားစဉ် အခုလို ပြောကြားခဲ့တာပါ။အဲဒီလို ကူးပြောင်းရာမှာ ကျောင်းသားတွေ ၀န်ထုတ်ဝန်ပိုး မရှိစေရဘူးလို့လည်း ပညာရေးဝန်ကြီးက ဆိုပါတယ်။ဝန်ကြီးက သင်ယူသူဗဟိုပြုတဲ့ စနစ်ဟာ ကျောင်းသားများပျော်ပျော်ရွှင်ရွှင် အချင်းချင်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စူးစမ်းလေ့လာပြီး သင်ယူရတဲ့ ပုံစံလို့ ရှင်းပြပါတယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*