၂၀၁၇ခုနှစ်​ တက္ကသိုလ်ဝင်​အောင်​စာရင်းများကို ည၁၂ နာရီမထိုးခင်​ ရန်​ကုန်​မှာကြေညာပေးပြီ

၂၀၁၇ခုနှစ်​ တက္ကသိုလ်ဝင်​အောင်​စာရင်းများကို ည၁၂ နာရီမထိုးခင်​ ရန်​ကုန်​မှာကြေညာပေးပြီ
June 17, 2017 Asian Fame

12:05 am
၂၀၁၇ခုနှစ်​ တက္ကသိုလ်ဝင်​အောင်​စာရင်းများကို ည၁၂ နာရီမထိုးခင်​ ရန်​ကုန်​မှာကြေညာပေးပြီ

19105822_1337445056304152_7352481098030067574_n
ရန်ကုန် ဇွန် ၁၆

တစ်နိုင်ငံလုံးက ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို အထက ၁ လမ်းမတော် ကျောင်းမှာဒီကနေ့ည ၁၁နာရီ ၄၂မိနစ်မှာ ကပ် လိုက်ပါပြီ။

ကျောင်းသားကျောင်းသူများနဲ့မိဘများဟာ ၉နာရီကျော်ကတည်းက စောင့်ဆိုင်းနေခဲ့ကြတာဖြစ်ပြီး အောင်စာရင်းကြည့်နေကြတဲ့ပုံရိပ်များကို ဖော်ပြပေးလိုက်ပါတယ်။

မြန်မာနိုင်ငံစာစစ်ဌာနကတော့ ၄င်းတို့ရဲ့တရားဝင်ဝဘ်ဆိုက်နဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ဇွန်လ၁၇ရက်နေ့ နံ
နက် ၆နာရီကစပြီး ထုတ်ပြန်ကြေညာပေးသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ကိုအစိုးရကမတ်လ ၈ရက်နေ့မှ ၁၇ ရက်နေ့အထိ ပြည်တွင်းစာစစ်ဌာန ၁၅၇၇  ၊ပြည်ပ စာစစ်ဌာန ၁၇ခုဖွင့်ကာ စစ်ဆေးကျင်းပခဲ့ပါတယ်။ဖြေဆိုရန် လျှောက်လွှာတင်ထားသူ ၇၆၀၀၀၀ကျော်ရှိတဲ့အထဲက လာဖြေသူ ၇၁၆၂၁၆ ဦးရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းရလဒ်တုန်းကတော့အောင်ချက် ဟာ ၂၉.၉၂ ရာခိုင်းနှုန်းသာရှိခဲ့လို့ ၈နှစ်တာအတွင်း အောင်ချက်အနည်းဆုံးနှစ်ဖြစ်ခဲ့
ပါတယ်။ခုနှစ်ရဲ့အောင်ချက်ရာခိုင်နှုန်းကိုတော့မကြာမှီ သိရတော့မှာပါ။

ဖြိုးထက်အောင်
ဓာတ်ပုံ-ကောင်းစွမ်းသာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*