မြန်မာ့စာရင်းစစ် ကဏ္ဍတိုးတက်မှုများသည် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို တိုးတက်လာစေမည်ဟု ကမ္ဘာ့ဘဏ်သုံးသပ်

မြန်မာ့စာရင်းစစ် ကဏ္ဍတိုးတက်မှုများသည် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို တိုးတက်လာစေမည်ဟု ကမ္ဘာ့ဘဏ်သုံးသပ်
June 17, 2017 Asian Fame

12:33 pm
မြန်မာ့စာရင်းစစ် ကဏ္ဍတိုးတက်မှုများသည် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို တိုးတက်လာစေမည်ဟု ကမ္ဘာ့ဘဏ်သုံးသပ်

ရန်ကုန်၊ ဇွန် ၁၇

မြန်မာနိုင်ငံ၏ စာရင်းနှင့် စာရင်းစစ်များသည် နိုင်ငံတကာစာရင်းစံများ၊ အရည်အသွေး မြင့်မားသော ဘဏ္ဍာရေးအစီရင်ခံခြင်းနှင့် စာရင်းစစ်အလေ့အကျင့်ကောင်းများတိုးတက်လာပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပိုမို ၀င်ရောက်လာစေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာကမ္ဘာ့ဘဏ်၏ ဌာနေ ကိုယ်စားလှယ် Abdoulaye Seck က ပြောသည်။

ဥပဒေ မူဘောင် ပြင်ဆင်မှု ပြုလုပ်ခြင်းများမှာ မပြီးသေးသော်လည်း ကောင်းမွန်သော တိုးတက်မှု များရှိကြောင်း စာရင်းနှင့်စာရင်းစစ်ဆိုင်ရာ စံချိန်စံညွှန်းများနှင့် ကျင့်ဝတ်စည်းမျဉ်းစည်းကမ်းများ လိုက်နာခြင်း အပေါ် လေ့လာချက် အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

“မြန်မာနိုင်ငံ ဘဏ္ဍာရေးအစီရင်ခံခြင်း နဲ့ စာရင်းစစ်ဆေးခြင်းစံများဟာ နိုင်ငံတကာစံများ နဲ့ တူညီ လာတာကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက မြန်မာကုမ္ပဏီတွေဆီက အရည်အသွေး မြင့်မားတဲ့ ဘဏ္ဍာရေးစာရင်းရှင်းတမ်းတွေကို မျှော်လင့်နေကြပါတယ်။ ဒါဟာ မြန်မာနိုင်ငံအတွက် ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှုအခြေအနေတစ်ရပ်ကို ဦးတည်သွားနိုင်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ် ဌာနေ ကိုယ်စားလှယ် Abdoulaye Seck က ပြောကြားပါသည်။

ထို့အပြင် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပြဌာန်းခြင်း၊ ငွေချေးသက်သေခံလက်မှတ်များ ရောင်းဝယ်ရေးဥပဒေနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေများ အကောင်အထည်ဖော်ရန်အတွက် စည်းမျဉ်းစည်းကမ်းများ အပြီးသတ် ဆောင်ရွက်ခြင်း နှင့် လုပ်ငန်းသဘာဝအရ ဘဏ္ဍာရေးအစီရင်ခံခြင်းမူဘောင် ခွဲခြား သတ်မှတ်ခြင်း တို့ကို အမြန်ဆုံးပြီးစီးရေး ဆောင်ရွက်သင့်ကြောင်း အကြုံပြုထားသည်။

ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ စာရင်းနှင့်စာရင်းစစ်ဆေးခြင်းဆိုင်ရာ ကဏ္ဍတွင ဥပဒေမူဘောင်ကို အပြီးသတ်ဆောင်ရွက်ခြင်း၊
နိုင်ငံတကာစာရင်း နှင့် စာရင်းစစ်စံများနှင့် အပြည့်အဝကိုက်ညီအောင်ဆောင်ရွက်ခြင်း၊ အရေးပါသောစီးပွားရေးကဏ္ဍအားလုံးအတွက် IFRS ကူးပြောင်းမှု အစီစဉ်များချမှတ်ခြင်း၊ မြန်မာနိုင်ငံစာရင်းကောင်စီ နှင့် မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းတို့၏ လုပ်ပိုင်ခွင့်များကို ရှင်းလင်းစွာဖော်ပြခြင်း၊ စာရင်းပညာအတွက် ကျွမ်းကျင်တတ်မြောက်မှုကို အခြေခံသည့် မူဘောင်တစ်ခုကို အကောင်အထည်ဖော်ခြင်း၊ သင့်လျော်သောစောင့်ကြည့်ကြီးကြပ်ခြင်းနှင့် လိုက်နာမှုအစီအစဉ်များ အကောင်အထည် ဖော်ခြင်း၊ အခြေခံအဆောက်အအုံကို ပိုမိုတိုးမြှင့်ပေးရန် အကြုံပြုချက်များကို ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ် ROSC အစီရင်ခံစာပါ အကြုံပြုချက်များကို ဤစီမံချက်တွင်ပါဝင် သော ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်အ ဖွဲ့အစည်းများနှင့် သက်ဆိုင်သူအားလုံး၏ ကျွမ်းကျင်မှုနှင့်ဘဏ္ဍာရေး အထောက်အပံ့ များဖြင့်အပြည့်အဝအကောင်အထည်ဖော်နိုင်မည်ဆိုပါက မြန်မာနိုင်ငံရှိ ကော်ပိုရိတ် အဖွဲ့အစည်းများ၏ ဘဏ္ဍာရေးအစီရင်ခံခြင်းကို ပွင့်လင်း မြင်သာမှု၊တာဝန်ခံမှုစသည့် နိုင်ငံတကာ စံများနှင့်အညီ တိုးတက် ကောင်းမွန်စေပြီး နိုင်ငံခြားရင်းနှီးမြုပ် နှံမှုအတွက် ပိုမိုကောင်းမွန်သော စီးပွားရေး အခြေအနေတစ်ရပ်ကို ဖန်တီးပေး နိုင်လိမ့်မည်ဟုယုံကြည်ကြောင်း မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့ စာရင်းကိုင်များအသင်း ဥက္ကဌ ဦးဝမ်းတင်က ပြောသည်။

HEZ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*