“၂၀၁၇ တက္ကသိုလ်​ဝင်​တန်းစာ​မေးပွဲအောင်စာရင်းထူးခြားချက်​ များ”

“၂၀၁၇ တက္ကသိုလ်​ဝင်​တန်းစာ​မေးပွဲအောင်စာရင်းထူးခြားချက်​ များ”
June 17, 2017 Asian Fame

3:46 pm
“၂၀၁၇ တက္ကသိုလ်​ဝင်​တန်းစာ​မေးပွဲအောင်စာရင်းထူးခြားချက်​ များ”

၂၀၁၇ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲရဲ့ အောင်စာရင်းရလဒ်များကို ဒီကနေ့ ဇွန်လ ၁၇ ရက်နေ့ နံနက် ၆နာရီမှ
ာ ပညာရေးဝန်ကြီးဌာက ထုတ်ပြန်ကြေညာခဲ့ပြီဖြစ်ပါတယ်။ရန်ကုန်တိုင်းမှာတော့ ည ၁၂ နာရီမထိုးခင်ကတည်း
ကသက်ဆိုင်ရာ ကျောင်းများမှာ အောင်စာရင်းစာရွက်များကပ်ပေးခဲ့ပါတယ်။

တစ်နိုင်ငံလုံးက အောင်စာရင်းတွေကိုလည်း ရန်ကုန်တိုင်းအတွင်းက အထက ၁ အင်းစိန် ၊ အထက ၁ ရန်ကင်း ၊ အထက ၃ ကမာရွတ် ၊ အထက ၁ လမ်းမတော် ၊ အထက ၂ ဒဂုံနဲ့ အထက ၁ သင်္ဃန်းကျွန်း စတဲ့ကျောင်းတွေမှာ ကြည့်လို့ရခဲ့ပါတယ်။နှစ်စဉ်ဖြစ်နေကြအတိုင်းပဲ ရန်ကုန်မြို့ရဲ့ လမ်းမတွေထက်မှာတော့ အောင်စာရင်းကြည့်သွားနေကြတဲ့ ကျောင်းသားတွေနဲ့မိဘတွေဟာ ည၉နာရီဝန်းကျင်အချိန်ကတည်းက များပြားလျက်ရှိနေခဲ့ပါတယ်။

အဆင့်မြင့်ပညာရေးကိုတဆင့်တက်လှမ်းခွင့်ရမယ့် ဒီစာမေးပွဲရလဒ်ဟာ ကျောင်းသားတွေအတွက် အရေးကြီးလှတာမို့ အောင်သူကျသူများရဲ့ ပျော်ရွှင်အော်ဟစ်သံ၊ ဝမ်းနည်းငိုကြွေးသံတွေဟာ ကျေင်းတံခါးဝတွေရှေ့မှာ ဆူညံခဲ့ကြပါတယ်။ဒါပေမဲ့ တစ်နှစ်တာကတော့ ပြီးဆုံးခဲ့ပြန်ပြီဖြစ်ပါတယ်။ဒီနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲရလဒ်တွေအနေနဲ့ ဘာတွေထူးခြားခဲ့သလဲ။

“၂၀၁၆ ထက်သာတဲ့ ၂၀၁၇ ရလဒ်”

မနှစ်က ၂၀၁၆ ခုနှစ်တက္ကသိုလ်ဝင်တန်းရလဒ်များဟာအလွန်ကိုဆိုးဝါးခဲ့ပါတယ်။အောင်ချက်ရာခိုင်နှုန်း ၂၉.၉၂
နဲ့ ရှစ်နှစ်တာကာလအတွင်း အောင်ချက်အကျဆုံးနှစ်တစ်နှစ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ဒါပေမဲ့ အဲဒီမှတ်တမ်းကို ဒီနှစ်မှာ ပြန်လည်ချေဖျက်နိုင်ခဲ့ပါတယ်။အောင်ချက်ရာခိုင်နှုန်း ၃၃.၈၉ ရရှိခဲ့ပါတယ်။ဒါပေမဲ့ ၂၀၁၅ ခုနှစ်က အောင်ချက်ရာခိုင်နှုန်းလောက်ကို ပြန်မီဖို့လိုပါသေးတယ်။

” ရခိုင်ကလွဲရင် တစ်ပြည်လုံးတက်ခဲ့တဲ့ အောင်ချက်”

ဒီနှစ်မှာ တစ်နိုင်ငံလုံးက ပြည်နယ်နဲ့တိုင်းအားလုံးနီးပါးအောင်ချက်တက်ခဲ့တယ်လို့ပြောလို့ရပါတယ်။ရခိုင်ပြည်နယ်မှလွဲပြီး မနှစ်ကအောင်ချက်ကျခဲ့တဲ့ ပြည်နယ်တိုင်းတွေအားလုံးနီးပါးမှာ ယခုနှစ်အောင်ချက်ရာခိုင်နှုန်းတွေ ပြန်လည်မြင့်တက်ခဲ့ပါတယ်။တစ်နိုင်ငံလုံးမှာအောင်ချက်အမြင့်ဆုံးပြည်နယ်ကတော့ မွန်ပြည်နယ်ဖြစ်ပါတယ်။အောင်ချက်ရာခိုင်နှုန်း ၄၁.၁၂ နဲ့တစ်နိုင်ငံလုံးမှာ အောင်ချက်အကောင်းဆုံးပါ။

ရခိုင်ပြည်နယ်ကတော့ အရင်နှစ်တွေကလည်း အောင်ချက်နည်းတဲ့ ပြည်နယ်တစ်ခုပါ။အခုလိုနည်းတဲ့အထဲကမှ မနှစ်ကအောင်ချက်ထက်ကို ဒီနှစ်အောင်ချက်ပိုနည်းခဲ့ပါတယ်။မနှစ်က ၂၁.၁၉ရာခိုင်နှုန်းကနေ ယခုနှစ် ၁၇.၁၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တာပဲဖြစ်ပါတယ်။

“ဂုဏ်ထူးတွေလည်းထွက်၊အောင်ချက်လည်းနှစ်ဆတက်ခဲ့တဲ့ ကြည့်မြင်တိုင်မျက်မမြင်ကျောင်း”

တစ်နိုင်ငံလုံးအောင်ချက်ရာခိုင်နှုန်းတက်တာနဲ့အပြိုင်လိုက်တာကတော့ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းပဲဖြစ်ပါ
တယ်။ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်ထဲက မျက်မမြင်ကျောင်းမှာ ၈ ဦးဖြေတဲ့အနက်က ၅ ဦးအောင်မြင်ခဲ့
ပါတယ်။ဒါ့အပြင် နှစ်ဘာသာ၊တစ်ဘာသာ ဂုဏ်ထူးရကျောင်းသားတွေပါ မွေးထုတ်နိုင်ခဲ့ပါတယ်။အောင်ချက်လည်း
နှစ်ဆတက်ခဲ့တယ်လို့သိရပါတယ်။ကြည့်မြင်တိုင်မျက်မမြင်ကျောင်းက ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုမာကတေ
ာ့ “အရမ်းအားရကျေနပ်ပါတယ်” လို့ပြောပြပါတယ်။ကြည့်မြင်တိုင်မျက်မမြင်ကျောင်းဟာ ၂၀၁၅ ခုနှစ်က ၃ဘာ
သာဂုဏ်ထူးရှင်တစ်ဦးမွေးထုတ်ခဲ့နိုင်ဖူးတဲ့ အစဉ်အလာရှိထားပါတယ်။

” ပညာရေးပါ အပစ်ခံနေရသလား ”

မငြိမ်းချမ်းမှု အကျိုးဆက်တွေရဲ့နောက်မှာတော့ လောက်ကိုင်မှာ စာမေးပွဲ အောင်မြင်သူနည်းပါးခဲ့ပါတယ်။ဖြေ
ဆိုသူ ၈၀ ကျော်ရှိတဲ့အနက်က ၁၉ ဦးသာအောင်မြင်မှုရခဲ့တာပါ။ရှမ်းပြည်နယ် မြောက်ကိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာ စာမေးပွဲရာသီအတွင်းကတိုက်ပွဲများ ဖြစ်ပွားနေလို့ မူလစီစဉ်ထားတဲ့ လောက်ကိုင်မြို့ အထက (၂) စာစစ်ဌာန အစား လောက်ကိုင်ဒေသ စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ကွပ်ကဲမှုဝန်းအတွင်းသို့ ပြောင်းရွှေ့ကာ စာမေးပွဲဖြေဆိုခဲ့ကြရတာလည်းဖြစ်ပါတယ်။

” တာထွက်ကောင်းခဲ့တဲ့ အိုးဘိုအကျဉ်းထောင်စာစစ်ဌာန”

အခုနှစ်မှ ပထမဆုံး စတင်ဖွင့်လှစ်ခဲ့တဲ့ မန္တလေးအိုးဘို အကျဉ်းထောင် စာစစ်ဌာနမှာတော့ အကျဉ်းသား ၉ဦး၊အကျဉ်းသူ ၂ဦး ၀င်ဖြေခဲ့ရာမှာ အောင်မြင်သူ ကျား ၆၊မ ၁ ရှိခဲ့ပါတယ်။အဲဒီထဲမှ အကျဉ်းသား ၄ဦးက ဇီဝဗေဒ၊ဘောဂဗဒ ဂုဏ်ထူး ၁ခုစီ နှင့် ထူးချွန်စွာအောင်မြင်ခဲ့တဲ့အပြင်၊အကျဉ်းသူ ၁ဦးမှာလည်း ပထ၀ီ၊သမိုင်း၊ဘောဂ ဂုဏ်ထူး ၃ခု ရခဲ့ပါသေးတယ်။

အင်းစိန်အကျဉ်းထောင် စာစစ်ဌာရဲ့ ယခု ၂၀၁၇ တက္ကသိုလ်ဝင်စာမေးပွဲ ရလဒ်ကတော့၂၀၁၆ ပညာသင်နှစ်က အကျဉ်းသား၁၇ ဦး ဖြေဆိုခဲ့ရာမှာ ၁၁ ဦး အောင်မြင်ခဲ့ကာ တစ်ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ နှစ်ဦးရှိခဲ့တဲ့ စံချိန်သစ်ကို မမှီတော့ဘဲ ကျဆင်းသွားခဲ့ပါတယ်။

ပညာရေးဝန်ကြီးဌာနက အင်းစိန်အကျဉ်းထောင်၊မန္တလေး အိုးဘိုအကျဉ်းထောင်၊သာယာဝတီနှင့် ဘားအံ့ အကျဉ်းထောင် ၄ခုတို့တွင် စာစစ်ဌာန (၄)ခု ဖွင့်၍ ၂၀၁၇ တက္ကသိုလ်ဝင်စာမေးပွဲကို စစ်ဆေးပေးခဲ့ရာ ၀င်ရောက်ဖြေဆိုကြတဲ့အကျဉ်းသား/သူ၊အချုပ်သား ၄၁ဦး ရှိခဲ့ပါတယ်။

” ဘာသာတွဲသုံးခုလုံးရဲ့ တစ်နိုင်ငံလုံးရမှတ်အများဆုံးစံချိမ်များ မနှစ်ကစံချိန်ကိုမကျော်နိုင်ခဲ့”

ယခုနှစ်ဘာသာတွဲသုံးခုစလုံးရဲ့ တစ်နိုင်ငံလုံးရမှတ်အများဆုံးစံချိန်များဟာ မနှစ်က ဘာသာတွဲသုံးခုရဲ့အများဆုံးရ
ရှိခဲ့တဲ့စံချိန်ကို ကျော်လွန်နိုင်ခြင်းမရှိခဲ့ပါဘူး။ယခုနှစ်မှာ တစ်နိုင်ငံလုံးအမှတ်အများဆုံးကို အထက ၂ ရန်ကင်းမှ ရမှတ်ပေါင်း ၅၅၅ မှတ်နဲ့ရရှိခဲ့ပေမဲ့ မနှစ်က အမှတ်အများဆုံးဖြစ်ခဲ့တဲ့ အထက ၂ ဗဟန်းမှ ရမှတ် ၅၆၂ မှတ်စံချိန်ကို မကျော်နိုင်ခဲ့တာပါ။

ယခုနှစ်မှာ သိပ္ပံဘာသာတွဲက တစ်နိုင်ငံလုံးအမှတ်အများဆုံးကို အထက၂ရန်ကင်းမှ မောင်သုတရဲစိုးက ရမှတ်၅၅
၅ နဲ့ရရှိသွားပါတယ်။ဝိဇ္ဇာဘာသာတွဲမှာ အထက တာမခန်က မောင်မင်းသက်ခိုင်က ရမှတ် ၅၀၄ နဲ့ အမှတ်အများ
ဆုံးဖြစ်ခဲ့ပြီး ဝိပ္ပံဘာသာတွဲမှာတော့ အထက ၅ ကမာရွတ်က မောင်အောင်သန့်ကျော်က ရမှတ် ၅၁၁ မှတ်နဲ့ တစ်နိုင်
ငံလုံးရမှတ်အများဆုံးဖြစ်ခဲ့ပါတယ်။

” တောက်လျောက်အရှုံးပြနေဆဲ စိတ်ကြိုက်မြန်မာစာ”

စိတ်ကြိုက်မြန်မာစာတွဲဖြေဆိုသူဟာ တစ်နှစ်တစ်နှစ်ကိုဆယ်ဂဏန်းမပြည့်တဲ့အနေအထားရှိနေတာပါ။ဒီနှစ်မှာ
၃ ဦးစာရင်းတင်ခဲ့ပြီး ၂ဦးဖြေခဲ့ပါတယ်။၂ဦးလုံးကျပါတယ်။

ဖြေခဲ့တဲ့၂ဦးဟာ နိုင်ငံခြားစာစစ်ဌာန၊ စင်ကာပူနိုင်ငံနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့် နယ်တို့ကဖြစ်ပါတ
ယ်။

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲရဲ့ တစ်နိုင်ငံလုံးအောင်ချက်တွေ မနှစ်ကထက်မြင့်တက်ခဲ့သလို ဂုဏ်ထူးရအ
ရေအတွက်လည်း မနှစ်ကထက်များပြားခဲ့ပါတယ်။

မနှစ်က ဂုဏ်ထူးရကျောင်းသားအရေအတွက်ဟာ ၄၅၀၀၀ကျော်ရှိခဲ့ရာမှ အခုနှစ်မှာ ၅၆၀၀၀ ကျော်ကို မြင့်တက်ခဲ့တာလည်းဖြစ်ပါတယ်။၆ဘာသာဂုဏ်ထူးနဲ့၅ဘာသာဂုဏ်ထူးရရှိသူများကတော့ မနှစ်ကထက်ရာဂဏန်းအနည်းငယ်ေ
လျာ့နည်းခဲ့ပါတယ်။

ဂုဏ်ထူးရရှိသူအရေအတွက်အများဆုံး ဒေသကတော့ ရန်ကုန်တိုင်းဒေသကြီးပါ။ ၁၂၀၀၀ ကျော် ဂုဏ်ထူးရရှိခဲ့ပါ
တယ်။မနှစ်ကထက်လည်း ထောင်ဂဏန်းတစ်ခုကျော်များလာပါတယ်။

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ကိုအစိုးရကမတ်လ ၈ရက်နေ့မှ ၁၇ ရက်နေ့အထိ ပြည်တွင်းစာစစ်ဌာန ၁၅၇၇၊ပြည်ပ စာစစ်ဌာန ၁၇ခုဖွင့်ကာ စစ်ဆေးကျင်းပခဲ့တာဖြစ်ပါတယ်။ဖြေဆိုရန် လျှောက်လွှာတင်ထားသူ ၇၆၀၀၀၀ကျော်ရှိတဲ့အထဲက လာဖြေသူ ၇၁၆၂၁၆ ဦးရှိခဲ့ပါတယ်။ဒါ့အပြင် ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲရဲ့ထူးခြားချက်တစ်ခုကတော့ မတ်လ ၁၀ရက်နေ့က စစ်ဆေးခဲ့တဲ့တက္ကသိုလ်ဝင်တန်း သချာင်္မေးခွန်း ၂၄ မှတ်ဖိုး မှားယွင်းခဲ့တာပဲဖြစ်ပါတယ်။

စာမေးပွဲကျရှုံးသော ကျောင်းသားများအနေနဲ့တော့ ဇွန်လ ၁၉ ရက်နေ့မှစပြီး ကျောင်းပြန်အပ်လို့ရပြီဖြစ်ကြောင်းကြေညာထားပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*