သခ်ာၤဘာသာ အမှတ် ၂၀ကျော်ဖိုး မှားယွင်းမှုဖြစ်ခဲ့သည့် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ယခင်နှစ်ကထက်အနည်းငယ်တက်

သချာင်္ဘာသာ အမှတ် ၂၀ကျော်ဖိုး မှားယွင်းမှုဖြစ်ခဲ့သည့် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ယခင်နှစ်ကထက်အနည်းငယ်တက်
June 17, 2017 Asian Fame

11:04 am
သချာင်္ဘာသာ အမှတ် ၂၀ကျော်ဖိုး မှားယွင်းမှုဖြစ်ခဲ့သည့် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ယခင်နှစ်ကထက်အနည်းငယ်တက်

19113515_793173984180663_1325103273584287778_n

နေပြည်တော်၊ဇွန် ၁၇

သချာင်္ဘာသာ အမှတ် ၂၀ကျော်ဖိုး မှားယွင်းမှုဖြစ်ခဲ့သည့် ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ၏ တစ်နိုင်ငံလုံး အောင်ချက်ရာခိုင်နှုန်းမှာ၃၃ဒသမ၈၉ ရာခိုင်နှုန်းဖြစ်၍ ၈နှစ်တာ ကာလအတွင်း အောင်ချက်အနည်းဆုံးဖြစ်ခဲ့သည့် ၂၀၁၆ခုနှစ် နှင့် နှိုင်းယှဉ်ပါက အောင်ချက်ရာခိုင်နှုန်း အနည်းငယ် ပိုတက်သွားသည်။

၂၀၁၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကာလက ကျရှုံးသူ ၄သိန်းခွဲကျော်ရှိခဲ့သည်။ယခုနှစ်တွင်မူ ကျဆုံးသူ ၄သိန်း၇သောင်းကျော် ကျခဲ့သည်။

ပြီးခဲ့သည့် နှစ်က ဖြေဆိုသူ ၆သိန်း၃သောင်းကျော်တွင် အောင်မြင်သူအရေအတွက်က ၁သိန်း၉သောင်းကျော်လေးသာ ရှိခဲ့သည်။

ယခုနှစ် တွင် ဖြေဆိုသူ ၇သိန်း၁သောင်းကျော်တွင် ဖြေဆိုသူ ၂သိန်း၎သောင်းကျော် ရှိခဲ့သည်။

ထိုပမာဏသည် တက်လာသည်ဟု ဆိုနိုင်သော်လည်း ၂၀၁၆ခုနှစ် အောင်ချက် ၂၉ဒသမ၉၂ရာခိုင်နှုန်း၊၂၀၁၅ခုနှစ်အောင်ချက် ၃၇ဒသမ၆၀ရာခိုင်နှုန်း၊၂၀၁၄ခုနှစ်အောင်ချက်၃၁ဒသမ၆၇ ရာခိုင်နှုန်း၊၂၀၁၃ခုနှစ်အောင်ချက်
၃၄ဒသမ၈၉ရာခိုင်နှုန်း၊၂၀၁၂ခုနှစ်အောင်ချက် ၃၄ဒသမ၃၇ရာခိုင်နှုန်း၊၂၀၁၁ခုနှစ်အောင်ချက် ၃၅ဒသမ၁၂ရာခိုင်နှုန်း၊၂၀၁၀ခုနှစ်အောင်ချက် ၃၄ဒသမ၉၂ရာခိုင်နှုန်း စသည်တို့နှင့် နှိုင်းယှဉ်လျှင် တတိယအနည်းဆုံးနေရာတွင်သာ ရှိနေသေးသည်။

သို့သော်၂၀၀၉ခုနှစ်က၃၀ဒသမ၃၇ရာခိုင်နှုန်း၊၂၀၀၈ခုနှစ်ကအောင်ချက်၂၉ဒသမ၆၃ရာခိုင်နှုန်း တို့နှင့် နှိုင်းယှဉ်လျှင် ယခုနှစ်အောင်ချက်သည် ပိုကောင်းနေပြန်သည်။

စိုင်းလမင်း
Photos by စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*