ဗိုလ်ချုပ်အောင်ဆန်း ပုံတူကြေးသွန်းရုပ်ထု ဖွင့်ပွဲကျင်းပ

ဗိုလ်ချုပ်အောင်ဆန်း ပုံတူကြေးသွန်းရုပ်ထု ဖွင့်ပွဲကျင်းပ
June 17, 2017 Asian Fame

1:34 pm
ဗိုလ်ချုပ်အောင်ဆန်း ပုံတူကြေးသွန်းရုပ်ထု ဖွင့်ပွဲကျင်းပ

19145709_1464833656912245_6444163188673983052_nမန္တလေး၊ဇွန်၁၇

မန္တလေးမြို့ရဲ့ကျက်သရေဆောင်တစ်ခုဖြစ်လာတော့မယ့် မြန်မာ့လွတ်လပ်ရေးဗိသုကာ တပ်မတော်ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံတူကြေးသွန်း ရုပ်တုကြီးက ဒီနေ့မှာပဲ အောင်မြင်စွာနဲ့ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်။
မန္တလေး ပြည်ကြီးတံခွန်မြို့နယ် မန္တလာတံခွန်ပန်းခြံအတွင်း အသင့်တည်ဆောက်ထားတဲ့ရင်ပြင်ပေါ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းလေးကတင်ပဲ စိုက်ထူထားရှိခဲ့ တဲ့ ဒီကြေးရုပ်ထုကြီးကို ဒီနေ့မနက် ၉ နာရီကစတင်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဌဦးဝင်းမြင့်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်၊ အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်အတွင်းရေးမှူးအဖွဲ့ဝင်ဦးဝင်းထိန်တို့ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့တာလည်းဖြစ်ပါတယ်။
အလျား ၉ ပေ၊ အနံ ၇ ပေခွဲ၊ အမြင့် ၁၃ ပေရှိတဲ့ဒီကြေးရုပ်တုကြီးက စုစုပေါင်းကြေးပိဿာချိန် ၃ တန်ခန့်ရှိတယ်လို့လည်းသိရပြီး၊ ပြည်သူလူထု ထည့်ဝင်လှူဒါန်းငွေကျပ်သိန်း ၇၀၀ ကျော်နဲ့ထုဆစ်ထားတာဖြစ်တယ်လို့လည်း ဖြစ်မြောက်ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူဦးမင်းထက်ငြိမ်းကပြောပါတယ်။

ဇွန် ၁၉ ရက်ကျရောက်တဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့လည်း ဒီရက်ပိုင်းစတင်ဖွင့်လှစ်ပေးခဲ့ တာလို့သိရပြီး ဇွန် ၁၇ ရက် မှ ၂၀ ရက်အထိ ပွဲလမ်းသဘင်အခမ်းအနားတွေနဲ့ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့လည်း ဖြစ်မြောက်ရေးအဖွဲ့က ကြေညာထားပါတယ်။
ဒီနေ့မနက်ပိုင်းဖွင့်ပွဲအပြီး ညပိုင်းမှာတော့ ဆရာကြီးဦးကိုလေး(ကိုလေး အင်းဝဂုဏ်ရည်) နဲ့ ဆရာငြိမ်းသစ်တို့ရဲ့စာပေဟောပြောပွဲ၊ ဇွန် ၁၈ ရက်ညမှာ မြို့မနဲ့အငြိမ့်ခန်းအစီအစဉ်၊ ဇွန် ၁၉ ရက်မနက်ပိုင်းမှာ ခြင်းအလှခတ်ပွဲတော် နဲ့ ညပိုင်းမှာပြဇတ်နဲ့ပဒေသာကပွဲတွေကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဇွန် ၁၀ ရက်ညမှာတော့ ပွဲတိုင်းကျော်အငြိမ့်သဘင်ကကပြတင်ဆက်မှာဖြစ်ပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*