စိတ်​ကြိုက်​မြန်​မာစာဘာသာတွဲနဲ့ဖြေဆိုသူ ၂ဦးစလုံးကျ

စိတ်​ကြိုက်​မြန်​မာစာဘာသာတွဲနဲ့ဖြေဆိုသူ ၂ဦးစလုံးကျ
June 17, 2017 Asian Fame

12:57 pm
စိတ်​ကြိုက်​မြန်​မာစာဘာသာတွဲနဲ့ဖြေဆိုသူ ၂ဦးစလုံးကျ

ရန်ကုန် ဇွန် ၁၇

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ စိတ်ကြိုက်မြန်မာစာတွဲဖြေဆိုသူ ၂ဦးရှိတဲ့အနက်က နှစ်ဦးလုံးကျတ
ယ်လို့ ပညာရေးဝန်ကြီးဌာန ၊မြန်မာနိုင်ငံ ပညာရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးညွှန့်ကပေါ်
ပြူလာနယူးစ်ကိုပြောပါတယ်။

ယခုနှစ်မှာ မြန်မာတစ်နိုင်ငံလုံးမှ စိတ်ကြိုက်မြန်မာစာဖြေဆိုသူ ၃ ဦးစာရင်းတင်သွင်းခဲ့ပြီး တနင်္သာရီတိုင်းဒေသ
ကြီးမှ ၁ ဦးက ဖြေဆိုဖို့ပျက်ကွက်ခဲ့တာကြောင့် ၂ ဦးသာဖြေဆိုသူရှိခဲ့ပါတယ်။

အဲဒီ၂ ဦးဟာ နိုင်ငံခြားစာစစ်ဌာန စင်ကာပူနိုင်ငံက ဖြေဆိုသူတစ်ဦးနဲ့ ရန်ကုန်တိုင်းဒေသကြီး၊စမ်းချောင်းမြို့နယ်က
ဖြေဆိုသူ ၁ ဦးပါ။၂ဦးလုံးကျရှုံးခဲ့ပါတယ်။

နှစ်စဉ် စိတ်ကြိုက်မြန်မာစာတွဲဖြေဆိုသူများဟာ ဆယ်ဂဏန်းမကျော်တဲ့ပမဏသာရှိနေပြီး အောင်မြင်မှုနည်းပါး
တာကိုလည်းတွေ့ရပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*