ကမ်းနားလမ်းညဈေးကို နေ့ စဉ် စောင့်ကြည့် ကြပ်မတ်ဖို့ ကွပ်ကဲရေး ကော်မတီတွေ ဖွဲ့ေ တာ့မယ်

ကမ်းနားလမ်းညဈေးကို နေ့ စဉ် စောင့်ကြည့် ကြပ်မတ်ဖို့ ကွပ်ကဲရေး ကော်မတီတွေ ဖွဲ့ေ တာ့မယ်
June 16, 2017 Asian Fame

3:55 pm
ကမ်းနားလမ်းညဈေးကို နေ့ စဉ် စောင့်ကြည့် ကြပ်မတ်ဖို့ ကွပ်ကဲရေး ကော်မတီတွေ ဖွဲ့ေ တာ့မယ်

nightmarket(ရန်ကုန် ဇွန် ၁၆)

ကမ်းနားလမ်း ညဈေးတန်းက ဈေးသည်တွေ ဆိုင်ခန်း ထွက်မထွက်ကို နေ့ စဉ်စောင့်ကြပ် စီမံခန့် ခွဲမယ့် မြို့ နယ် အလိုက် ကွပ် ကဲရေးကော်မတီတွေ ဖွဲ့ တော့မယ်လို့ ပန်းပဲတန်းမြို့ နယ် မဲဆန္ဒနယ် ၁မှ တိုင်း လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦး ကပြောပါ တယ်။

ကော်မတီကို သက်ဆိုင်ရာ မြို့ နယ်များက လွှတ်တော် ကိုယ်စားလှယ် ၊ အထွေထွေအုပ်ချုပ်ရေး၊ မီးသတ် ၊ရဲ ၊စည်ပင် စတဲ့ ဌာနအသီးသီး က တာဝန်ရှိ သူများနဲ့ ဖွဲ့ စည်းသွားမှာဖြစ်ပြီး ကော်မတီအောက် မှာ စည်းကမ်း ထိန်းသိမ်းရေး အတွက် ဆပ်ကော်မတီတစ်ခု ထပ် ဖွဲ့ ပြီးဆောင်ရွက်သွားမယ် လို့ လည်းသူကပြောပါတယ်။

” အခု ဈေးသည်တွေဘက် က တင်ပြလာတာတွေရှိပါတယ်။ အဲဒါက သူတို့ ပစ္စည်းတွေ ထားခဲ့လို့ မရဘဲ ပြန်သယ်နေရတဲ့ ကိစ္စပေါ့။ ဒီကိစ္စ အတွက် အခု ဈေးဌာနက စဉ်းစားနေပါတယ်။ သူတို့ ပစ္စည်းတွေ ထားနိုင်ဖို့ ပုံစံတူ ပစ္စည်းထည့်ဖို့ လှည်းပေါ့ ၆ပေ ၈ပေလောက် ဖြစ်ဖြစ်။ အခုသူတို့ စီစဉ်နေပါတယ်” လို့ ဦးသန်းနိုင်ဦး ကပြောပါတယ်။

ကမ်းနားလမ်း ညဈေးမှာ ယာယီဈေးရောင်းချခွင့် လက်မှတ် ထုတ်ပေးထားတဲ့ ဈေးသည် အရေအတွက် ဟာ ၁၆၀၀ ကျော် ရှိပေမဲ့ လည်း ဈေးဆိုင်ခန်း ထွက်တဲ့ ဈေးသည်ကတော့ ၄၀၀မှ ၇၀၀ ကြားသာရှိနေပါတယ်။

ဒီအတွက် ဆိုင်ခန်းမထွက်တဲ့ ဈေးသည်တွေရဲ့ ယာယီဈေး ရောင်းချခွင့် လက်မှတ်တွေကို ပြန်သိမ်းပြီး ယခင်က လက်မှတ် မရခဲ့ တဲ့ဈေး သည်တွေ ကိုပြန်ပေးသွားမယ်လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် ပန်းပဲတန်းမြို့ နယ် အတွင်းက ဘိန်းစားတန်း (ရွှေဘုံသာလမ်း) မှဈေးသည်တွေ ကိုလည်း အခုဇွန်လ ၂၈ ရက်နေ့ နောက် ပိုင်းပြောင်းရွေ့ တော့ မှာဖြစ်တယ်လို့ သိရပါတယ်။

ပြောင်းရွှေ့မယ့် ဈေးသည်တွေ အနေနဲ့ ဈေးရောင်းချ လိုပါက ရောင်းချခွင့် လျောက်လွှာတွေကို ပန်းပဲတန်းမြို့ နယ် စည်ပင်သာယာရေး ဌာန ၊စီမံရေးရာမှာမှာ အခမဲ့ ထုတ်ယူပြီး လျောက်ထား ရမယ်လို့ သိရပါတယ်။

စာရင်းကောက်ခံထားတဲ့ အရေအတွက် အရတော့ ဘိန်းစားတန်းမှာ ရောင်းချနေတဲ့ ဈေးသည် ၂၅၀ ကျော် ရှိနေပြီး သူတို့ ကို ကမ်းနားလမ်း မှာ ၄ပေ ၈ပေနေရာ များပေးသွားမှာ လို့ လည်းသိရပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*