တန်းတူ အခွင့်အရေးပေးရင် ​တိုင်းရင်းသား​ရေးရာ ဝန်​ကြီး ဌာန မလိုဟု တိုင်းရင်းသား လွှတ်တော် အမတ်အချို့ ဆို

တန်းတူ အခွင့်အရေးပေးရင် ​တိုင်းရင်းသား​ရေးရာ ဝန်​ကြီး ဌာန မလိုဟု တိုင်းရင်းသား လွှတ်တော် အမတ်အချို့ ဆို
June 16, 2017 Asian Fame

3:13 pm
တန်းတူ အခွင့်အရေးပေးရင် ​တိုင်းရင်းသား​ရေးရာ ဝန်​ကြီး ဌာန မလိုဟု တိုင်းရင်းသား လွှတ်တော် အမတ်အချို့ ဆို
USaiThiha(နေပြည်တော် ၊ ဇွန် ၁၆)

ပြည်ထောင်စုအစိုးရ အဖွဲ့ကသာ တိုင်းရင်းသား အခွင့်အရေး တန်းတူပေးရင် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန မလိုအပ်ဘူးလို့ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် အချို့က ပြောကြား လိုက်ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း မိုင်းရယ် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော် (ခ) ဦးစိုင်းဟပ်က “သေချာပြန်စဉ်းစား ကြည့်လိုက်ပါ ငြိမ်းချမ်းရေးကို ဆွေးနွေးနေကြတဲ့ တိုင်းရင်းသား အားလုံး လက်နက်ကိုင် အဖွဲ့အစည်း အားလုံး ဘာကိုတောင်း ဆိုနေကြလဲ ဆိုတာ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ့်ကံကြမ္မာ ကိုယ် စီရင်ပိုင်ခွင့် တန်းတူညီမျှမှုတွေ ကို တောင်း ဆိုနေ ကြတယ်” လို့ ပြော ပါတယ်။

ဒီလိုမျိုး အခွင့်အာဏာတွေသာ တိုင်းရင်းသားတွေ အတွက် ရရှိရင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဌာနက မလိုအပ်ဘူး လို့ပြောပါတယ်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထူး ကလည်း တိုင်းရင်းသားရေးရာ ဝန်ကြီး ဌာန အနေနဲ့ တိုင်းရင်းသားတွေ အတွက် ထိရောက်တဲ့ လုပ်ဆောင်ချက်မျိုး မတွေ့ရဘူးလို့ ဝေဖန်ပြောဆိုပါတယ်။

တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနဟာ ဆိုရင် အခု NLD အစိုးရသစ် လက်ထက်မှ အသစ်ဖွဲ့စည်းထားတဲ့ ၀န်ကြီးဌာန တစ်ခု လည်းဖြစ် ပါတယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*