အင်းတော်ကြီး အိုင်ဘေးမဲ့တော ကို ဇီဝအ၀န်း နယ်မြေအဖြစ် ယူနက်စကို သတ်မှတ်

အင်းတော်ကြီး အိုင်ဘေးမဲ့တော ကို ဇီဝအ၀န်း နယ်မြေအဖြစ် ယူနက်စကို သတ်မှတ်
June 15, 2017 Asian Fame

4:15 pm
အင်းတော်ကြီး အိုင်ဘေးမဲ့တော ကို ဇီဝအ၀န်း နယ်မြေအဖြစ် ယူနက်စကို သတ်မှတ်
zinyaw

အင်တော်ကြီးအိုင် အတွင်း တွေ့ရသည် ဇင်ယော်များ

(ရန်ကုန် ၊ ဇွန် ၁၅)

ကချင်ပြည်နယ်ရှိ အင်းတော်ကြီးအိုင် တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောကို လူသားနှင့် ဇီဝအဝန်းနယ်မြေ (Man and Biosphere Reserve-MAB) အဖြစ် အတည်ပြု သတ်မှတ် လိုက်ပြီဖြစ်ကြာင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

ပြင်သစ်နိုင်ငံ ပါရီိမြို့မှာ ကျင်းပပြုလုပ်တဲ့ UNESCO MAB-ICC အစည်းအဝေးတွင် အင်းတော်ကြီး တောရိုင်း တိရိစ္ဆာန်ဘေးမဲ့တော ကို ဇီဝ အဝန်းနယ်မြေအဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တော ဦးစီးဌာနမှ သိရသည်။ ထိုသို့  သတ်မှတ်လိုက်ခြင်းဖြင့် ဇီဝမျိုးစုံ မျိုးကွဲ ထိန်းသိမ်းရေးနှင့် ဒေသခံ များအတွက် စဉ်ဆက်မပြတ် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပို၍ ဆောင်ရွက်နိုင်မည်ဖြစ်သည့် အပြင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ယူနက်စကို၏ လူသားနှင့်ဇီဝ အဝန်း နယ်မြေ အစီအစဉ်ကို ၁၉၇၂ ခုနှစ်တွင် စတင်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ လူသားနှင့် ဇီဝအဝန်း ကွန်ရက်ကို လူသားနှင့် သဘာဝ ပတ်ဝန်းကျင် တို့ အကြား ဆက်နွှယ်မှု ပိုမိုတိုးတက် လာစေရန် ရည်ရွယ်၍ ၁၉၇၆ ခုနှစ်တွင် စတင်အကောင် အထည်ဖော်ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။

အင်းလေးကန် တောရိုင်း တိရစ္ဆာန် ဘေးမဲ့တောကို ၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံတွင် ပထမဆုံး ယူနက်စကို၏ ဇီဝအ၀န်း နယ်မြေအဖြစ် ပထမဆုံး သတ်မှတ်ပေးခဲ့သည်။ယခုအခါ အင်းတော်ကြီးအိုင် ဒေသသည် ဒုတိယမြောက် ဇီဝအဝန်း နယ်မြေ ဖြစ်လာ ခဲ့သည်။

ဝေရှိုင်းကျော်

ပုံစာ-အင်တော်ကြီးအိုင်အတွင်း တွေ့ရသည် ဇင်ယော်များ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*