မျိုးသုဉ်းပျောက်ကွယ်တော့မည့် မျောက်လေပွေ တစ်ကောင် ဖမ်းဆီးရမိ

မျိုးသုဉ်းပျောက်ကွယ်တော့မည့် မျောက်လေပွေ တစ်ကောင် ဖမ်းဆီးရမိ
June 15, 2017 Asian Fame

10:58 am
မျိုးသုဉ်းပျောက်ကွယ်တော့မည့် မျောက်လေပွေ တစ်ကောင် ဖမ်းဆီးရမိ

monkey(ရန်ကုန် ၊ ဇွန် ၁၅)

မျိုးသုဉ်းရန် သံသယရှိ မျိုးစိတ်စာရင်းတွင် အဆင့် (၁) သတ်မှတ်ထားသော မျောက်လေပွေ (Slow Loris-Asian) တစ်ကောင်ကို ထမံသီ စံပြကျေးရွာ လယ်သမားတစ်ဦးက ဖမ်းမိကြောင်း သားငှက်ထိန်းသိမ်းရေး(WCS) မှ သိရသည်။

အဆိုပါ လယ်သမားသည် ဇွန်လ ၁၄ ရက်နေ့  မနက်ပိုင်းက ထမံသီစံပြကျေးရွာ အောက်ပိုင်းရှိ မယင်းလယ်တောသို့ ဆင်းရာ မြောက်လေပွေ ကို တွေ့ ရှိရာ ဖမ်းမိ လာခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ က ဆိုသည်။

ယင်း မျောက်လေပွေ (Slow Loris-Asian) ကို ထမံသီဘေးမဲ့တော ရှေ့တန်းစခန်းကို သွားရောက် အပ်နှံခဲ့ကြောင်း သိရသည် ။မျော်လေပွေ ၏ အရှည်မှာ ၁၇လက်မ ရှိသည်ဟု သားငှက်ထိန်းသိမ်းရေး(WCS) မှ ထုတ်ပြန်ထားသည်။

19145841_1911669362419968_2261833090919561526_n

လက်ရှိမှာ အဆိုပါ မျောက်လေပွေကို ထမံသီဘေးမဲ့တောရှေ့တန်း စခန်း ကဝန်ထမ်းများ နှင့် သားငှက် ထိန်းသိမ်းရေးအဖွဲ့ (WCS) တို့က အခြေအနေ စောင့်ကြည့်ခြင်း နှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မျိုးသုဉ်းတော့မည့် အစိုးရိမ်ရဆုံး အခြေအနေ ရှိနေသည့် အဆိုပါ မျောက်လေပွေသည် မြန်မာနိုင်ငံ မှ တရုတ်နိုင်ငံ ဘက်သို့ တရား မ၀င်ရောင်းဝယ် ဖောက်ကားနေသည့် တောရိုင်း တိရိစ္ဆာန်များ စာရင်းတွင် ပါဝင်ကြောင်း တောရိုင်း တိရိစ္ဆာန်များ တရား မဝင် ရောင်း ဝယ်မှု စောင့်ကြည့်ရေး အဖွဲ့ (TRAFFIC) ၏ သုတေသနပြု လေ့လာချက် များအရ သိရသည်။

ဝေရှိုင်းကျော်
ပုံ – သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*