စွန့်ပစ်ရေဆိုးတွေကြောင့် ရွှေဒါးသာစည်ကျေးရွာ က တောင်သူ အချို့ အခက်တွေ့နေ

စွန့်ပစ်ရေဆိုးတွေကြောင့် ရွှေဒါးသာစည်ကျေးရွာ က တောင်သူ အချို့ အခက်တွေ့နေ
June 15, 2017 Asian Fame

12:40 pm
စွန့်ပစ်ရေဆိုးတွေကြောင့် ရွှေဒါးသာစည်ကျေးရွာ က တောင်သူ အချို့ အခက်တွေ့နေ

hand(နေပြည်တော် ၊ ဇွန် ၁၄)

ရမည်းသင်း ၊ရွှေဒါးသာစည် ကျေးရွာ အနီးနားမှာ ရှိတဲ့ ဆပ်ပြာစက်ရုံ တစ်ရုံက ထွက်တဲ့ ရေဆိုးတွေကြောင့် ဒေသခံ တောင်သူတွေ အခက်အခဲ များ နဲ့ ကြုံတွေ့နေကြပါတယ်။

ပျက်စီးသွားတဲ့ လယ်ယာမြေ အချို့လည်း ရှိနေတဲ့ အတွက် မြို့နယ် အဆင့် လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံ ရမှုကြောင့် နစ်နာမှု မရှိစေရေး စုံစမ်း စစ်ဆေးရေးကော် မရှင်က ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်နေတယ် လို့သတင်း ရရှိထားပါတယ်။

သွားရောက် စစ်ဆေးခဲ့တဲ့ မြို့နယ် အဆင့်ကော်မရှင်ဥက္ကဌဦးထက်မြတ်အောင်က

“ကျွန်တော်တို့ သွားကြည့်ခဲ့ပြီးပြီ အစီရင်ခံစာရေးနေတယ် ၊ မကြာခင် အစိုးရကို တင်ပြသွားမယ်”လို့ ပြောပါတယ်။

အသေးစိတ်ကိုတော့ သူက မပြောပြပါဘူး။

ဒေသခံ တောင်သူ အချို့နဲ့ တွေ့ဆုံမေးမြန်းကြည့် တဲ့အခါ တောင်သူ ဦးသိန်းရွှေက ၂၀၀၅ ခုနှစ်ကစပြီး စက်ပြာစက်ရုံ ကနေ ရေ ဆိုးတွေ စွန့်ပစ် မှုကြောင့် လယ်မြေဧက ၁၂၀ နီးပါး ပျက်စီးသွားပြီလို့ ပြောပြပါတယ်။

သူ့ရဲ့ ကိုယ်ပိုင်လယ်၃ဧကကျော်ဟာ ခုချိန်မှာတော့ စိုက်ပျိုးလို့မရအောင်ပျက်စီးသွားတယ် လို့ သူက ဆက်ပြောပါတယ်။

“အပင်တွေက မရှင်ဘူး ။ခု ဘာမှ မစိုက်ရဲတော့ဘူး”လို့ တောင်သူ ဦးသိန်းရွှေက ဆိုပါတယ်။

ရေဆိုးတွေကြောင့် လက်တွေ လောင်ကုန်တာ မျိုးတွေ လည်း ရှိနေတယ်လို့ လက်လောင်ကျွမ်းခံခဲ့ရသူ တစ်ဦးက သူ့လက်ကို ပြပြီး ဆိုပါတယ်။

ဒါ့အပြင် ကျွဲနွား ဆိုရင်လည်း အသားအရည် တွေ လောင်ကျွမ်းတာတွေ ၊သေဆုံးတာတွေ၊ အချို့ဆိုရင် ဝမ်းအဆက် မပြတ်သွားခြင်းတွေ ရှိနေတယ်လို့ နောက်ထပ် လယ်သမား တစ်ဦးက ပြောပြပါတယ်။

ဒါနဲ့ ပတ်သက်ပြီး အဲဒီ့ စက်ရုံက တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းရာမှာတော့ သိရှိချင်တာ ရှိရင် ကြိုတင်စာ တင်မှ သာ မေးမြန်း ခွင့်ရမယ်လို့ ပြောပါတယ်။

လက်ရှိအချိန် မှာတော့ လယ်သမားတွေဟာ လယ်စိုက်ပျိုးလို့ မရတာကြောင့် ကြုံရာ အလုပ် ကိုသာ လုပ်ကိုင်နေရတယ် လို့ ပြောနေ ကြပါပြီ။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*