ပြင်ပဒဏ်ရာ မတွေ့ရှိဘဲ ပုဆစ်တုပ် အနေအထားဖြင့် သေဆုံးနေသည့် တောဆင်ရိုင်း တစ်ကောင်တွေ့ ရှိ

ပြင်ပဒဏ်ရာ မတွေ့ရှိဘဲ ပုဆစ်တုပ် အနေအထားဖြင့် သေဆုံးနေသည့် တောဆင်ရိုင်း တစ်ကောင်တွေ့ ရှိ
June 14, 2017 Asian Fame

10:53 am
ပြင်ပဒဏ်ရာ မတွေ့ရှိဘဲ ပုဆစ်တုပ် အနေအထားဖြင့် သေဆုံးနေသည့် တောဆင်ရိုင်း တစ်ကောင်တွေ့ ရှိ

elephant(ရန်ကုန် ၊ ဇွန် ၁၄)

ဧရာဝတီတိုင်း ၊ ပုသိမ်မြို့ နယ် သလပ်ခွာ သစ်တောဘိနယ် အတွင်း ပြင်ပ ဒဏ်ရာ တစ်စုံတစ်ရာ မရှိဘဲ သေဆုံးနေသော တောဆင်ရိုင်း တစ်ကောင်ကို တွေ့ ရှိကြောင်း ဧရာဝတီ တိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

အဆိုပါ တောဆင်ရိုင်းသည် သလပ်ခွာ သစ်တောဘိနယ် အကွက် အမှတ်(၂၇)တွင် ဇွန်လ ၁၃ ရက်နေ့ နေလည်ပိုင်းက  ဦးခေါင်းပြူ၍ ပုဆစ်တုပ် အနေအထားဖြင့် သေဆုံးနေသည် ကို တွေ့ ရကြောင်း ယင်း ရဲတပ်ဖွဲ့ က ဆိုသည်။

တောဆင်ရိုင်းသည် အနက်ရောင် ဆင်ထီး ဖြစ်ပြီး အလျား(၁၁)ပေ၊ အမြင့် (၆)ပေ၊ လုံးပတ်(၁၄)ပေ၊ နှာမောင်း အရှည် (၅)ပေ၊ အမြှီး အရှည်(၅)ပေ၊ ရှေ့ခွာ(၅)ခု၊ နောက်ခွာ(၄)ခုရှိကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ မှ သိရသည်။

အဆိုပါ ဆင်သေဆုံးမှုနှင့် ပက်သက်၍ ပုသိမ် သစ်ထုတ်လုပ်ရေးမှ ဆင်ဆရာဝန်များ နှင့် ရဲတပ်ဖွဲ့ များမှ စစ်ဆေးဆောင်ရွက် လျှက် ရှိသည်

ဝေရှိုင်းကျော်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*