လူ့ အခွင့်အရေးလူ့ ဂုဏ်သိက္ခာနိုင်ငံတကာရုပ်ရှင်ပွဲတော် စတင်ပြီ

လူ့ အခွင့်အရေးလူ့ ဂုဏ်သိက္ခာနိုင်ငံတကာရုပ်ရှင်ပွဲတော် စတင်ပြီ
June 14, 2017 Asian Fame

8:24 pm
လူ့ အခွင့်အရေးလူ့ ဂုဏ်သိက္ခာနိုင်ငံတကာရုပ်ရှင်ပွဲတော် စတင်ပြီ

19059676_1500545313337536_5514934316158593221_n

ရန်ကုန် ၊ ဇွန် ၁၄

လူ့ အခွင့်အရေးလူ့ ဂုဏ်သိက္ခာနိုင်ငံတကာရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့ ဝဇီရာ ရုပ်ရှင်ရုံ နှင့် Junction City ရုပ်ရုံတို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ယနေ့  ဝဇီရုပ်ရှင်ရုံတွင် ကျင်းပပြုလုပ်သည့် ပဉ္စမအကြိမ်မြောက် လူ့ အခွင့်အရေးလူ့ ဂုဏ် သိက္ခာနိုင်ငံတကာရုပ်ရှင်ပွဲတော်ဖွင့်ပွဲအခမ်းအနားမှ သိရသည်။

အဆိုပါ ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့ ဝဇီရာ ရုပ်ရှင်ရုံ နှင့် Junction City ရုပ်ရုံတို့မှာ အခမဲ့ကြည့်ရူ့ နိုင်မည်ဖြစ်ပြီး ဇွန်လ ၁၄ ရက်နေ့ မှ ၁၉ ရက်နေ့ အထိ ပြသမည်ဖြစ်သည်။

ယခုပြသမည့် ရုပ်ရှင်ပွဲတော်တွင် နိုင်ငံတကာ ရုပ်ရှင် ၁၂ ကား နှင့် ပြည်တွင်းရုပ်ရှင် ၅၂ ကား စုစုပေါင်း ၆၄ ကားပြသသွားမည်ဖြစ်ကြောင်း သိရသည်။

လူ့ အခွင့်အရေးလူ့ ဂုဏ်သိက္ခာနိုင်ငံတကာရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့ တွင်းသာမက မြန်မာနိုင်ငံအတွင်း မြို့ကြီး ၊ မြို့ငယ် ၊ကျေးရွာ ၊ တက္ကသိုလ်နှင့် ဘုန်းတော့ကြီးကျောင်းများတွင် ခရီးသွားရုပ်ရှင်ပွဲတော်များအဖြစ် ၂၀၁၃ ခုနှစ်စက်တင်ဘာလမှစ၍ ကျင်းပခဲ့ကြောင်း သိရသည်။

ရုပ်ရှင်ပွဲတော် ၄ ကြိမ်အတွင်း ရုပ်ရှင် ၂၅၂ ကားကို ပြသနိုင်ခဲ့ပြီး ကြည့်ရူသူ ပရိတ်သတ်ပေါင်း ၁၁၂၄၀၀ ရှိခဲ့ကြောင်း သိရသည်။

ဝေရှိုင်းကျော်

Photo by Aung Naing Soe ( Kisapa )

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*