စားသုံးသူများ၏ မကျေနပ်ချက်များကို မိုဘိုင်းဖုန်း အပလီကေးရှင်းမှတဆင့် တိုင်ကြားနိုင်ပြီ

စားသုံးသူများ၏ မကျေနပ်ချက်များကို မိုဘိုင်းဖုန်း အပလီကေးရှင်းမှတဆင့် တိုင်ကြားနိုင်ပြီ
June 14, 2017 Asian Fame

3:18 pm
စားသုံးသူများ၏ မကျေနပ်ချက်များကို မိုဘိုင်းဖုန်း အပလီကေးရှင်းမှတဆင့် တိုင်ကြားနိုင်ပြီ

app

ရန်ကုန်၊ ဇွန်‌ ၁၄

နေ့စဉ်‌ကြုံ‌တွေ့‌နေရသည့်‌ အစားအ‌သောက်‌၊ ကုန်‌ပစ္စည်းနှင့်‌ ဝန်‌‌ဆောင်‌မှုကိစ္စများတွင်‌ မြန်မာနိုင်ငံစားသုံးသူများဘက်‌မှ နစ်နာချက်များ၊ မကျေနပ်ချက်များရှိပါက မိုဘိုင်းဖုန်း အပလီကေးရှင်းမှ တဆင့် တိုင်ကြားနိုင်ပြီဖြစ်ကြောင်း မြန်မာစားသုံးသူများသမဂ္ဂ အတွင်းရေးမှူးဒေါက်တာမောင်မောင်ကပြောသည်။

မြန်‌မာနိုင်‌ငံစားသုံးသူများဆိုသည်‌မှာ ကုန်‌စည်‌(သို့) ဝန်‌‌ဆောင်‌မှုကို ကုန်‌သွယ်‌‌ရောင်းဝယ်‌မှုအတွက်‌မဟုတ်‌ဘဲ စား‌သောက်‌ခြင်း(သို့) သုံးစွဲခြင်းပြုသူကို ရည်‌ရွယ်‌ခြင်းဖြစ်‌သည်‌။

“ကျွန်တော်တို့အဖွဲ့အနေနဲ့ညှိနှိုင်းပေးတာတွေ၊ တရားဆွဲပေးတာတွေမလုပ်ပေးပါဘူး။ အွန်လိုင်းကနေတိုင်တဲ့စားသုံးသူတွေကို အချက်အလက်တွေစုဆောင်းပေးမယ်။ နည်းလမ်းတွေပြောပြမယ်။သက်ဆိုင်တဲ့အစိုးရဌာနဆီလွှဲပေးမှာပါ။”ဟု ဒေါက်တာမောင်မောင်ကပြောသည်။စားသုံးသူများအနေဖြင့် [email protected]သို့မေးလ်ပို့တိုင်ကြားပါက စားသုံးသူများဖက်မှလိုအပ်သည့်အချက်အလက်များကိုပြည့်စုံအောင်ပြုလုပ်ပေး၍ သက်ဆိုင်‌ရာအစိုးရရုံးထံသို့ တင်ပြပေးကာ ဥပဒေဘောင်အတွင်းဖြေရှင်းစေမည်ဖြစ်သည်။

“မြန်မာနိုင်ငံမှာ မတွင်ကျယ်သေးတဲ့ အွန်လိုင်းပေါ်မှ တိုင်ကြားမှုတွေကို ဖြစ်မြောက်အောင် ကျွန်တော်တို့စီစဉ်တာပါ။ စားသုံးသူတွေကို ပညာပေးပြီး ကျင့်ဝတ်မညီတဲ့လုပ်ငန်းရှင်တွေကို သတိထားဆင်ခြင်စေဖို့ပါ”ဟု ဒေါက်တာမောင်မောင်ကပြောသည်။

စားသုံးသူများအ‌နေဖြင့်‌ ဝက်‌ဆိုက်‌မှတိုင်‌ကြားလိုပါက http://www.myanmarconsumersunion.org သို့ဝင်‌၍မြန်‌မာဘာသာ‌ပြောင်းပြီး “တိုင်‌ကြားရန်‌”(သို့) “Consumer Complaint Form”ကိုနှိပ်‌၍ တိုင်‌ကြားရန်‌ ပုံစံတွင်‌ ဖြည့်‌စွက်‌ပြီး ‌ပေးပို့တိုင်‌ကြားနိုင်‌သကဲ့သို့ Google Play Store တွင်လည်း Myanmar Consumer Union ဟူသော Application ကို Download ပြုလုပ်၍ တိုင်ကြားနိုင်သည်‌ဟု ‌‌မြန်‌မာစားသုံးသူများသမဂ္ဂ ပ‌ရောဂျက်‌မန်‌‌နေဂျာ ဒေါက်‌တာမိုမိုတင်‌က‌ပြောသည်‌။

“စားသုံးအ‌နေနဲ့ တိုင်‌ကြားမယ်‌ဆို ‌ငွေလက်‌ခံဖြတ်‌ပိုင်းမှတ်‌တမ်း‌တွေ၊သ‌ဘောတူစာချုပ်‌‌တွေ၊အာမခံကတ်‌‌တွေနဲ့ အခြားအ‌ထောက်‌အထား‌လေး‌တွေ‌တော့ရှိရမယ်‌။ တိုင်‌တဲ့အခါမှာလဲ ဘာ‌ကြောင့်‌တိုင်‌တာ၊ဘာ‌တွေဖြစ်‌ပါသလဲ၊ပစ္စည်းကို ဘယ်‌အချိန်‌ကဝယ်‌တာ။ဘယ်‌‌လောက်‌‌ပေးခဲ့ရတာ။ ဘယ်‌လို‌ဖြေရှင်း‌ပေးပါဆိုပြီး ပြည့်‌စုံရမယ်‌။”ဟု ‌ဒေါက်‌တာမိုမိုတင် ကပြောသည်။လက်ရှိလေ့လာရာတွင် စားသုံးသူများအနေဖြင့် နစ်နာချက်များ၊မကျေနပ်ချက်များကို တိုင်ကြားရာတွင် တိုင်ကြားသူ ဦးရေနည်းပါးနေသေးသည်ဟု မြန်မာစားသုံးသူများသမဂ္ဂကပြောသည်။

“စားသုံးတွေအနေနဲ့ အချိန်ကုန်မယ်၊ငွေကုန်မယ်ဆိုပြီး စားသုံးသူ အခွင့်အရေးချိုးဖောက်ခံရလည်းမတိုင်ကြားတော့ဘူး၊ပြီးတော့ ကျွန်တော်တို့က အစိုးရဌာနတွေဆီပဲ လွှဲပေးမှာ ဆိုတော့အမှုဖြစ်မှာကြောက်နေကြတာနဲ့ မတိုင်ကြတာ “ဟု မြန်မာစားသုံးသူများသမဂ္ဂ ဒေါက်တာမောင်မောင်ကပြောသည်။မြန်မာစားသုံးသူများသမဂ္ဂ အဖွဲ့အစည်းသည် ၂၀၁၂ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ၂၀၁၇ ဧပြီလတွင် အသင်းဖွဲ့မှတ်ပုံတင်ယာယီရရှိခဲ့ပြီးနောက် စားသုံးသူများနှင့်ဆိုင်သော အစီရင်ခံစာတစ်စောင်ပြုစုနေကြောင်း ဒေါက်တာတောင်မောင်ကပြောသည်။

“နိုင်ငံတကာမှာလဲ ကျယ်ကျယ်ပြန့်ရှိတယ်။မြန်မာနိုင်ငံမှာ သိပ်မကျယ်ပြန့်သေးလို့ ကျွန်တော့်က လုပ်တာပါ။အချိန်ကတော့ယူရဦးမှာပါ၊ငွေအင်အား၊ လူအင်အားလုံလောက်မှုက လည်းလိုနေသေးတယ်။”ဟု ဒေါက်တာတောင်မောင်ကပြောသည်။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*