စင်္ကာပူမှာ တိုက်ပေါ်က ခုန်ချသတ်သေ သွားတဲ့ မြန်မာ မိန်းကလေး အတွက် တစ်စုံတစ်ရာ ကူညီဖို့ဆောင်ရွက်နေကြောင်း ၀န်ကြီးဌာန ဆို

စင်္ကာပူမှာ တိုက်ပေါ်က ခုန်ချသတ်သေ သွားတဲ့ မြန်မာ မိန်းကလေး အတွက် တစ်စုံတစ်ရာ ကူညီဖို့ဆောင်ရွက်နေကြောင်း ၀န်ကြီးဌာန ဆို
June 14, 2017 Asian Fame

11:33 am
စင်္ကာပူမှာ တိုက်ပေါ်က ခုန်ချသတ်သေ သွားတဲ့ မြန်မာ မိန်းကလေး အတွက် တစ်စုံတစ်ရာ ကူညီဖို့ဆောင်ရွက်နေကြောင်း ၀န်ကြီးဌာန ဆို

Sg(ရန်ကုန်၊ ဇွန် ၁၄)

စင်္ကာပူနိုင်ငံမှာ တိုက်ပေါ်က ခုန်ကျ သတ်သေသွားတဲ့ မြန်မာ အိမ်အကူမလေး ကိစ္စနဲ့ပတ်သတ်ပြီး တစ်စုံတစ်ရာ ကူညီပေး ဖို့ ဆောင်ရွက်နေတယ် လို့ အလုပ်သမားနဲ့ လ၀က ၀န်ကြီးဌာနက ပြောပါတယ်။

ဇွန်လ ၁၂ ရက်နေ့ညက စင်္ကာပူမှာ အိမ်အကူ အလုပ်သွားရောက် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ချင်းတိုင်းရင်းသူ တစ်ဦးဟာ ၁၉ ထပ် အမြင့်ကနေ ခုန်ချပြီး သက်သေခဲ့ပါတယ်။ တိုက်ပေါ်က ခုန်ချသတ်သေသွားတဲ့ ကောင်မလေးရဲ့ အလောင်း ကို ပြန်သယ်ဖို့ (ဒါမှမဟုတ်) ကောင်မလေး ရဲ့မိသားစုကို စင်္ကာပူနိုင်ငံကို ပို့ဆောင်ပေးဖို့ စသဖြင့် တစ်ခုခု ကူညီပေးဖို့ ဆောင်ရွက်နေတာ ဖြစ်တယ်လို့ အလုပ်သမားနဲ့ လ၀က ၀န်ကြီးဌာနက အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

“အဓိက ကတော့ စင်္ကာပူသံရုံး ကနေ ဆောင်ရွက်ရမှာပေါ့နော်။ ကျွန်တော်တို့ ဒါကို အစိုးရကို တင်ထားတယ်။ တစ်ကယ် လို့ ကောင်မလေး က တရားဝင် အေဂျင်စီ နဲ့သွားတာဆိုရင် ပို့တဲ့ အေဂျင်စီက ဒါကို တာဝန်ယူရမယ်။ ဒါပေမဲ့ စင်္ကာပူကိုက ပို့ခွင့် ပိတ်ထားတာ ကြာပြီ။ ဒီတော့ သူ့ကို တရားမ၀င်ပို့ခဲ့တဲ့ သူကို ဖော်ထုတ်ပြီး တာဝန် ယူခိုင်းမလား။ တစ်ခုခုပေါ့” လို့ သူကဆိုပါတယ်။ စင်္ကာပူနိုင်ငံကို ဆိုရင် အလုပ်သမား ပို့ခွင့်ပိတ်ထားခဲ့တာ ကြာပါပြီ။ ဒါပေမဲ့ ပွဲစားပေါင်းစုံနဲ့ စင်္ကာပူကို တရားမ၀င် ထွက်နေတဲ့ အလုပ် သမားတွေဟာ နေ့စဉ်ရှိပါတယ်။ ပြည်ပ အလုပ်အကိုင်အေဂျင်စီ များအပါအ၀င် အလုပ်သမား ၀န်ကြီးဌာန ကလည်း ဒီလို တရားမ၀င် ထွက်နေတာတွေ ရှိကြောင်းကို ၀န်ခံထားပါတယ်။ အခု ခုန်ချသတ်သေသွားတဲ့ ကောင်မလေးဟာ ဆိုရင်လည်း တရားမ၀င် သွားရောက် လုပ်ကိုင်သူ ဖြစ်တယ်လို့ ၀န်ကြီးဌာနက ဆိုပါတယ်။ အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ သတင်းတွေအရ ခုန်ချသက်သေသွား တဲ့ မြန်မာ မိန်းကလေးရဲ့ နာမည်ကို မဇင်မာဦးလို့ခေါ်ကြောင်းသိရပါတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*