ကြားဖြတ်ရွေးကောက်ပွဲတွင် တိုင်ကြားခံရသော ကိုယ်စားလှယ်များ ချေပလွှာတင်ရမည်

ကြားဖြတ်ရွေးကောက်ပွဲတွင် တိုင်ကြားခံရသော ကိုယ်စားလှယ်များ ချေပလွှာတင်ရမည်
June 13, 2017 Asian Fame

3:07 pm
ကြားဖြတ်ရွေးကောက်ပွဲတွင် တိုင်ကြားခံရသော ကိုယ်စားလှယ်များ ချေပလွှာတင်ရမည်

Election

ရန်ကုန် ၊ ဇွန် ၁၃

ကြားဖြတ်ရွေးကောက်ပွဲတွင် တိုင်ကြားခံရသော လွှတ်တော်ကိုယ်စားလှယ်များ က ဇွန်လ ၁၉ ရက်နေ့ တွင် ချေပလွှာပြန်တင်ရမည် ဟုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပြောသည်။

ကန့် ကွက်လွှာတင်ထားသောအမှု ၆ မှုကို မနေ့ က ဇွန်လ ၁၂ ရက်နေ့ ကခုံရုံးအဖွဲ့ နှစ်ဖွဲ့ ဖွဲ့ ၍ တိုင်ကြားသူနှင့်အတိုင်ကြားခံရသူတို့ ကို တွေ့ ဆုံကြားနာစစ်ဆေးခဲ့ပြီးအမှုတွဲ၎၊၅ တို့ ကို ဇွန်၁၉၊ အမှုတွဲ ၆ ကို ဇွန် ၂၁ နှင့် အမှုတွဲ ၁၊၂၊၃ တို့ ကို ဇွန် ၂၂ နေ့ တို့ ကိုပြန်လည်ချိန်းဆိုလိုက်ပြီး ယင်းနေ့ များတွင် တိုင်ကြားခံရသူလွှတ်တော်ကိုယ်စားလှယ်က ပြန်လည်ချေပလွှာတင်ပြရမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူကပြောသည်။

‘မနေ့ က စစ်တာက ပထမဆုံးရုံးချိန်းပေါ့။ခုံအဖွဲ့ ၁ နဲ့ ၂ တို့ ဆိုပြီး နှစ်ဖွဲ့ ခွဲပြီး စစ်ဆေးပါတယ်။ပထမဆုံးရုံးချိန်းဆိုတော့ ကန့် ကွက်တဲ့သူနဲ့ ကန့် ကွက်သူနှစ်ယောက်လုံးကိုခေါ်တယ် ။ ကန့် ကွက်ခံရသူကို ခင်ဗျားကိုတော့ ဒီလိုကန့် ကွက်ထားတယ်ဆိုပြီးအသိပေးတာပေါ့ ။ ဒီတော့ သူက ဟုတ်ပြီ သူမကျူးလွန်ဘူးဆိုတာကိုနောက်တစ်ချိန်းကျ ပြန်တင်မယ်ပေါ့ ” ဟု၎င်းကပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သူ လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၄ ဦးရှိခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီက တိုင်ကြားသော အမှု ၅မှု ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှ င့်ဖွံ့ ဖြိုးရေးပါတီကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီက တိုင်ကြားသောအမှု ၁ မှုရှိနေသည်။ထို့ ပြင် ရွေးကောက်ပွဲကော်မရှင်သို့ ရွေးကောက်ပွဲအသုံးစရိတ်မတင်သော လွှတ်တော်ကိုယ်စားလှယ်လောင်း ၂ ဦးကိုလည်း ယနေ့ စစ်ဆေးနေကြောင်းသိရသည်။

သတ်မှတ်ထားသောဥပဒေများနှင့်မညီညွတ်ဟုယူဆပါကသက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေအရ ရွေးကောက်ခံကိုယ်စားလှယ်လောင်းသည် ပုဒ်မ ၆၇၊၆၈နည်းဥပဒေ ၈၇ တို့ အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့် ကွက်တိုင်ကြားနိုင်သည်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*