သစ်ထုတ်မူ ၁၀ နှစ် ရပ်နားထားသည့် ပဲခူးရိုးမအတွင်း သဘာဝအခြေခံခရီးသွားလုပ်ငန်း Eco-tourism ဖော်ဆောင်နေ

သစ်ထုတ်မူ ၁၀ နှစ် ရပ်နားထားသည့် ပဲခူးရိုးမအတွင်း သဘာဝအခြေခံခရီးသွားလုပ်ငန်း Eco-tourism ဖော်ဆောင်နေ
June 13, 2017 Asian Fame

12:05 pm
သစ်ထုတ်မူ ၁၀ နှစ် ရပ်နားထားသည့် ပဲခူးရိုးမအတွင်း သဘာဝအခြေခံခရီးသွားလုပ်ငန်း Eco-tourism ဖော်ဆောင်နေ

gabo

ရန်ကုန် ၊ ဇွန် ၁၃

သစ်ထုတ်လုပ်မူ ရပ်ဆိုင်းထားသည့် ပဲခူးရိုးမအတွင်း သဘာဝအခြေခံခရီးသွားလုပ်ငန်း Eco-tourism ဖော်ဆောင်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွန်ကြားရေးမှူး ဦးမြင့်ထွေးက ပြောသည်။

အဆိုပါ ပဲခူးရိုးအတွင်းရှိ သစ်တောထိန်းသိမ်းရေးနယ်မြေအတွင်းဆောင်ရွက်နေသည့် သဘာဝသစ်တောများရှင်သန်ကြီးထွားမှု၊ ကျွန်းစိုက်ခင်းများဖြင့်သစ်တောများထိန်းသိမ်းမှု၊ သစ်ထုတ်လုပ်ငန်း ရပ်ဆိုင်းသည့်အချိန်တွင် ဆင်စခန်းများ၌ ဆင်များ၏သဘာဝအနေအထိုင်များ နှင့် ပြုစုစောင့်ရှောက်မှု များပါ လေ့လာနိုင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ပြောသည်။

19

“ဒါအပြင် ဒေသခံတွေရဲ့  လူနေမူဘ၀ ၊ ငှက်ကြည့်တာတွေ ၊ ဆင်ထိန်းမိသားစုဝင်တွေရဲ ဘ၀တွေကိုပါလေ့လာနိုင်မှာဖြစ်တယ်။ဇူလိုင်လကုန်ရင်တော့စပြီးတော့ ဖွင့်မှာဖြစ်ပါတယ်။ ” ဟု ညွန်ကြားရေးမှူး ဦးမြင့်ထွေးက ပြောသည်။အလားတူ အုတ်တွင်း-ပေါက်ခေါင်း-ပဲခူးရိုးမလမ်းခရီးတွင် Eco Natural Resort Golden Teak Park Co.,Ltd မှဆောင်ရွက်နေသည့် ကျွန်းစိုက်ခင်းများကိုပါလေ့လာနိုင်မည်ဖြစ်သည်။ ကမ္ဘာလှည့်ခရီးသည်များအနေဖြင့် သဘာဝအခြေခံခရီးစဉ်များလာရောက်ရာတွင် တည်းခိုနေထိုင်ရန်အတွက် စီစဉ်ထားကြောင်း သိရသည်။

” ဒေသခံတွေအတွက်ပါ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိလာမှာဖြစ်တယ်။ဥပမာ ပြောရရင်တော့ ကျွန်းစိုက်ခင်းနေရာမှာ ၀င်ရောက်လုပ်ကိုင်နိုင်မှာဖြစ်တယ်” ဟုဦးမြင့်ထွေးက ပြောသည်။

မြန်မာနိုင်ငံတွင် သဘာဝအခြေခံခရီးစဉ်ဒေသများ Designated Eco-Tourism Sites ကို ရန်ကုန် တိုင်း၊စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း ၊ ဧရာဝတီတိုင်း ၊ပဲခူးတိုင်း ၊မကွေးတိုင်း စသည့် တိုင်း ဒေသကြီးများနှင့် ကချင်၊ ရှမ်း၊ မွန် ၊ ချင်းစသည့် ပြည်နယ်တို့တွင် ဖော်ဆောင်လျက်ရှိသည်။ကမ္ဘာလှည့်ခရီးသည်များမှ တည်းခိုနေထိုင်ရန်အတွက်လည်းဝန်ကြီးဌာနအပြင် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ခရီးစဉ် ဒေများတွင် ဟိုတယ်များ၊ အပန်းဖြေ စခန်းများ၊ တည်းခိုခန်းများတည်ဆောက်ကာ ချိတ်ဆက်ဆောင်ရွက်လျှက်ရှိသည်။

ဝေရှိုင်းကျော်
ဓာတ်ပုံ – ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*