ယခုနှစ်အတွင်း ​ငွေစက္ကူအတုများထုတ်​လုပ်​နေမှုအပေါ် ဖမ်းဆီးရမိခဲ့မှု ၁၃ကြိမ် ရှိဟု ဗဟိုဘဏ် ပြော

ယခုနှစ်အတွင်း ​ငွေစက္ကူအတုများထုတ်​လုပ်​နေမှုအပေါ် ဖမ်းဆီးရမိခဲ့မှု ၁၃ကြိမ် ရှိဟု ဗဟိုဘဏ် ပြော
June 13, 2017 Asian Fame

4:48 pm
ယခုနှစ်အတွင်း ​ငွေစက္ကူအတုများထုတ်​လုပ်​နေမှုအပေါ် ဖမ်းဆီးရမိခဲ့မှု ၁၃ကြိမ် ရှိဟု ဗဟိုဘဏ် ပြော

ht2

နေပြည်တော် ၊ ဇွန် ၁၃

ငွေစက္ကူအတု ပြုလုပ်သူများကို ဥပဒေနဲ့ အညီ ထိရောက်သောပြစ်ဒဏ်များ ချမှတ်နိုင်ရေးအတွက် တရားရုံး ၊ ဥပဒေရုံးများနဲ့ ပေါင်းစပ်ညှိနှိုင်းဆောက်ရွက်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးစိုးမင်းက ပြောသည်။

“ငွေစက္ကူအတုနဲ့ အစစ်ခွဲခြားနိုင်ဖို့ ပြည်သူလူထုကို အသိပညာပေးခြင်း ၊ ပြစ်မှုကျူးလွန်သူတွေကိုလည်း ထိထိရောက်ရောက် အပြစ်ပေးဖို့ ၊ ပြစ်ဒဏ်ချမှတ်နိုင်ဖို့ တရားရုံး ၊ ဥပဒေရုံးတွေနဲ့ ပေါင်းစပ်လုပ်ကိုင်နေပါတယ်”လို့ သူကဆိုပါတယ်။

ယနေ့ကျင်းပသည့် ပြည်သူ့လွတ်တော်အစည်းအဝေးတွင် ဇမ္ဗူသီရိမဲဆန္ဒနယ်မှ ဦးဖြိုးဇေယျာသော်၏ “ငွေစက္ကူအတုများနဲ့ စပ်လျဉ်း၍ နိုင်ငံတော်အစိုးရ ၊ သက်ဆိုင်ရာဗဟိုဘဏ်နဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့အနေဖြင့် မည်ကဲ့သို့ ပေါင်းစပ်ညှိနှိုင်းပြီး ဖြေရှင်းဆောင်ရွက်ပေးမည်ကို သိလိုခြင်း”မေးခွန်းကို ဖြေကြားရာတွင် ၎င်းက ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။ယင်းအပြင် ဗဟိုဘဏ်အနေနှင့် ထုတ်ဝေထားသော လျှက်ရှိကြောင်း ဦးစိုးမင်းက ဆိုသည်။ပြီးခဲ့သည့် ၂၀၀၉ခုနှစ် အောက်တိုဘာ ၁နေ့တွင် စတင်ထုတ်ဝေသော ၅၀၀၀ ကျပ်တန်ကို ၂၀၁၄အောက်တိုဘာ ၁ရက်နေ့မှာလည်းကောင်း ၊ ၂၀၁၅ ခုနှစ် ဇူလိုင်၁ရက်နေ့တွင် စတင်ထုတ်ဝေသော ၁၀၀၀၀ကျပ်တန်ကို ၂၀၁၅ခုနှစ် ဇူလိုင် ၁ရက်နေ့တွင်လည်းကောင်း လုံခြုံရေးအဆင့်အတန်း ပိုမိုမြှင့်တင်ထုတ်ဝေခဲ့ကြောင်း ၎င်းကဆိုသည်။

၂၀၁၇ ဇန်နဝါရီလမှ မေလအလယ်အထိ ငွေစက္ကူအတုများထုတ်လုပ်သည့်ကိစ္စနှင့်ပတ်သတ်၍ ဖမ်းဆီးရမိမှု့  နယ်စပ်ဒေသတွင် ၇ကြိမ် ၊ ပြည်တွင်းတွင် ၆ကြိမ်ရှိခဲ့ကြောင်း ဗဟိုဘဏ်မှသိရသည်။

SLM

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*