” ဆိုင်ကယ်စီးနင်းမှုများတဲ့ မန္တလေးမှာ စည်းကမ်းလိုက်နာတက်အောင် ဆိုင်ကယ် သရုပ်ပြမောင်းနှင်ပွဲလုပ်

” ဆိုင်ကယ်စီးနင်းမှုများတဲ့ မန္တလေးမှာ စည်းကမ်းလိုက်နာတက်အောင် ဆိုင်ကယ် သရုပ်ပြမောင်းနှင်ပွဲလုပ်
June 13, 2017 Asian Fame

4:37 pm
” ဆိုင်ကယ်စီးနင်းမှုများတဲ့ မန္တလေးမှာ စည်းကမ်းလိုက်နာတက်အောင် ဆိုင်ကယ် သရုပ်ပြမောင်းနှင်ပွဲလုပ်

1

ရန်ကုန် ဇွန် ၁၃

ယာဉ်ကြောရှုပ်ထွေးပြီး ဆိုင်ကယ်အစီးရေများပြားတဲ့ မန္တလေးမြို့ မှာ ယာဉ်စည်းကမ်းလိုက်နာတက်စေအောင်ဆိုပြီး မော်တော်ဆိုင်ကယ်သရုပ်ပြမောင်းနှင်ခြင်းအစီအစဉ်တစ်ခုကို ဒီနေ့ နံနက်က ပြုလုပ်ခဲ့ပါတယ်။

ဒီအခမ်းအနားကို အမှတ် ၃ ယာဉ်ထိန်းရဲတပ်ဖွဲ့(မန္တလေး) နဲ့ထာဝရကုမ္ပဏီများအုပ်စု Eternal Co.,Ltd တို့ က ပူးပေါင်းကျင်းပတာဖြစ်ပြီး မော်တော်ဆိုင်ကယ်အစီးရေ ၃၀၀ ကျော်ပါဝင်ခဲ့ပါတယ်။ပါဝင်ဆင်နွှဲတဲ့ဆိုင်ကယ်တွေကို ယာဉ်ထိန်းရဲတပ်ဖွဲ့ ဝင်တွေက မော်တော်ဆိုင်ကယ်ပိုင်းဆိုင်ရာစစ်ဆေးခြင်း၊လူပိုင်းဆိုင်ရာစစ်ဆေးခြင်းများပြုလုပ်ပြီး အကျီနဲ့ ဆိုင်ကယ်စီးဦးထုပ်တစ်လုံးစီ လက်ဆောင်ပြန်ပေးခဲ့ပါတယ်။

2

ရွှေမန်းတောင်အားကစားကွင်းကိုစုရပ်လုပ်ပြီးကျုံးတစ်ပတ်ဆိုင်ကယ်တွေမောင်းနှင်ကြပြီး စည်းကမ်းနဲ့ ညီအောင်ဘယ်လိုမောင်းရဲမလိုဆိုတာကို ယာဉ်ထိန်းရဲတပ်ဖွဲ့ ဝင်တွက ပညာပေးခဲ့တာပါ။ဒီလိုအခမ်းအနားမျိုးဟာ မြန်မာနိုင်ငံမှာ ပထမဆုံးဖြစ်တယ်လို့ အမှတ် ၃ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ့(မန္တလေး) မှဒုရဲမှူးကြီးကံသိန်းကပြောပါတယ်။

အခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးဦးစိုင်းကျော် ဇောလည်းတက်ရောက်အားပေးခဲ့ပါတယ်။

News & Photos by စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*