ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး နယ်မြေ တိုးချဲ့နိုင်ရေး စီစဉ်နေ

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး နယ်မြေ တိုးချဲ့နိုင်ရေး စီစဉ်နေ
June 12, 2017 Asian Fame

4:57 pm
ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး နယ်မြေ တိုးချဲ့နိုင်ရေး စီစဉ်နေ

dolphin(ရန်ကုန် ၊ ဇွန် ၁၂)

ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး နယ်မြေတိုးချဲ့နိုင်ရေး အတွက် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တွင် သုတေသန စစ်တမ်းများ စတင် လုပ်နေကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း နှင့် ကချင်ပြည်နယ် တို့ တွင် ဧရာဝတီမြစ်ကြောင်း တစ်လျှောက် ငါးရစ်ငါးသန်ကာလ၌ ငါးလုပ်ငန်း ဦးစီးဌာန နှင့် သားငှက်ထိန်း သိမ်းရေး အဖွဲ့က ဇွန်လ ၉ ရက်မှ ၂၅ရက် အထိ ပူးပေါင်းကင်းလှည့်ဆောင်ရွက်ခြင်းနှင့်အတူ ဧရာဝတီ လင်းပိုင်ထိန်း သိမ်းရေးနယ်မြေ တိုးချဲ့နိုင်ရေး အတွက်ပါ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထိုသို့ လုပ်ဆောင်ခြင်းသည် ရေလုပ်သား များနှင့် လင်းပိုင်တို့ ပူးပေါင်း ငါးဖမ်းသည့် ဓလေ့ မပျောက်ပျက်စေရန်နှင့် ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်း သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဆက်လတ် ဆောင်ရွက်သွားနိုင်ရန် ဖြစ်ကြောင်း သားငှက် ထိန်းသိမ်းရေး အဖွဲ့ မှ သိရသည်။ အလားတူ လင်းပိုင်များ၏ မျိုးတုံးမူများ ကိုပါ ထိန်းသိမ်း ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး နယ်မြေတိုးချဲ့နိုင်ရေး သုတေသန စစ်တမ်းများကို ဧရာဝတီမြစ်၏ ဒုတိယမြစ်ကျဉ်း (ရွှေဂူမြို့) နှင့် တတိယမြစ်ကျဉ်း (မလည်ရွာ၊ ကန့်ဘလူမြို့နယ်) ကြားရှိ ကျေးရွာ ၁၀ ရွာတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်သည်။

ထိုအပြင် ကျေးရွာ များရှိ ဒေသခံများကိုလည်း လင်းပိုင် ထိန်းသိမ်းရေး နှင့်ပတ်သက်၍ အသိပညာပေးဟောပြောမူ များ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ဧရာဝတီ လင်းပိုင်ထိန်းသိမ်းမှုဧရိယာသည် ၇၄ ကီလိုမီတာရှိပြီး ဧရာဝတီမြစ်၏ ဒုတိယမြစ်ကျင်း ၊ တတိယမြစ်ကျင်းဖြစ်သည့် မလည်မြို့ နှင့် ရွှေဘိုအထိ ကီလိုမီတာနှစ်ရာလောက် တိုးချဲ့သွားရန် စီစဉ်နေကြောင်း သိရသည်။

ဝေရှိုင်းကျော်
ဓါတ်ပုံ – WCS

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*