မျိုးဆက်​ပွား ကျန်းမာ​ရေး ၊ပြည်​သူ့နီတိ ၊ဒီမိုက​ရေစီ စသည်တို့ကို ဘာသာရပ်​များ အဖြစ်​သင်ကြားပေးရေး အဆို မှတ်တမ်း အဖြစ်သာ ထားခံခဲ့ရ

မျိုးဆက်​ပွား ကျန်းမာ​ရေး ၊ပြည်​သူ့နီတိ ၊ဒီမိုက​ရေစီ စသည်တို့ကို ဘာသာရပ်​များ အဖြစ်​သင်ကြားပေးရေး အဆို မှတ်တမ်း အဖြစ်သာ ထားခံခဲ့ရ
June 12, 2017 Asian Fame

4:35 pm
မျိုးဆက်​ပွား ကျန်းမာ​ရေး ၊ပြည်​သူ့နီတိ ၊ဒီမိုက​ရေစီ စသည်တို့ကို ဘာသာရပ်​များ အဖြစ်​သင်ကြားပေးရေး အဆို မှတ်တမ်း အဖြစ်သာ ထားခံခဲ့ရ

hluttaw(နေပြည်တော် ၊ ဇွန် ၁၂)

မျိုးဆက်ပွား ကျန်းမာရေး ၊ပြည်သူ့နီတိ ၊ဒီမိုကရေစီ စသည်တို့ကို ဘာသာရပ် များအဖြစ် မိတ်ဆက် သင်ပေးရုံမျှမက လက်ခံ ကျင့်သုံးရန် စီမံဆောင်ရွက်ပေးစေ လိုကြောင်း အဆိုကို အမျိုးသား လွှတ်တော်က မှတ်တမ်း အဖြစ်သာ ထားရှိခဲ့သည်။

ဇွန်လ ၁၂ ရက်နေ့က ကျင်းပခဲ့သော ဒုတိယ အကြိမ် အမျိုးသား လွတ်တော် ပဉ္စမပုံမှန် အစည်းအဝေး တွင် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၅မှ ဒေါက်တာ ဒေါ်တင်တင်ဝင်း၏ အဆိုကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၆ဦး ကဆွေးနွေး ခဲ့ပြီးနောက် အထက်ပါ အတိုင်း မှတ်တမ်းတင်ခဲ့ဖြင်းဖြစ် သည်။

ထိုအဆိုကို အမျိုးသားလွှတ်တော် ဥက္ကဌက အတည်ပြု သင့်မသင့် ဝန်ကြီးဌာန၏ သဘောထား မေးမြန်းရာ ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်းက “ဒီအဆိုနဲ့ ပတ်သက်ပြီး ၂၀၀၀-၂၀၀၁ ခုနှစ် ကတည်းက စတင် ဆောင်ရွက်နေသလို လက်ရှိမှာ လည်း ဆောင် ရွက်နေပါတယ်။ အမျိုးသား ပညာရေး မဟာဗျူဟာ စီမံကိန်း အရလည်း အသစ်ရေးဆွဲ ပြဌာန်းမယ့် အခြေခံပညာ အဆင့် သင်ရိုးညွန်းတမ်း အညွန်ပုံတွေမှာ လည်း ထည့်သွင်း သတ်မှတ် ဆောင်ရွက်နေတဲ့ ကိစ္စဖြစ်တဲ့ အတွက် မှတ် တမ်းအဖြစ်ပဲ ထားသင့် ပါတယ်”ဟုဆိုသည်။

အဆိုရှင် ဒေါက်တာ ဒေါ်တင်တင်ဝင်းက သူမ၏အဆိုကို အတည်ပြုစေချင်နေသည်။

“ကျွန်မအနေနဲ့ အဆိုကို မှတ်တမ်းမတင်စေလိုပါဘူး။ ဒါပေမယ့် ကျွန်မဟာ ဒီမိုကရေစီကို လက်ခံ ကျင့်သုံးနေ တဲ့အတွက် ဒီမိုကရေစီမှာ သဘောတူတာ၊ မတူတာရှိပါတယ်။ လက်မခံ ချင်ပေမယ့် အကြောင်းကြောင်းကြောင့် လက်ခံရမယ်၊ မှတ်တမ်းပဲ တင်ရမယ် ဆိုရင်လည်း သဘောအတိုင်းပါပဲ။ ကျွန်မအနေနဲ့ ကျင့်သုံးချင်ပါတယ်။ အ ကြောင်းကြောင်းကြောင့် ကျွန်မကို မှတ်တမ်း တင်ခိုင်းပါတယ်။ မှတ် တမ်းပဲ တင်ပါတော့”ဟု ဒေါက်တာဒေါ်တင်တင်ဝင်းကပြောသည်။

SLM

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*