လေယာဉ်ပျက်ကျမှုအပေါ်ဝမ်းသာအားရရေးနေကြသူတို့ကို စဉ်းစားမရဖြစ်နေဟု ဗိုလ်ချုပ်မှုးကြီး ပြော

လေယာဉ်ပျက်ကျမှုအပေါ်ဝမ်းသာအားရရေးနေကြသူတို့ကို စဉ်းစားမရဖြစ်နေဟု ဗိုလ်ချုပ်မှုးကြီး ပြော
June 10, 2017 Asian Fame

5:23 pm
လေယာဉ်ပျက်ကျမှုအပေါ်ဝမ်းသာအားရရေးနေကြသူတို့ကို စဉ်းစားမရဖြစ်နေဟု ဗိုလ်ချုပ်မှုးကြီး ပြော

 

19046966_1457680457627565_424527200_nဓါတ်ပုံ – ကာကွယ်ရေးဦးစီးချုပ်ရုံး

နေပြည်တော်၊ဇွန်၁၀

လေယာဉ်ပျက်ကျမှုအပေါ်ဝမ်းသာအားရရေးနေကြသူတို့ ရှိနေကြသည့်ကို သူအနေဖြင့် စဉ်းစားမရဖြစ်နေကြောင်း ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ပြောသည်။ “တပ်မတော်ရဲ့ သမိုင်းမှာ အဆိုးဝါးဆုံးဖြစ်စဉ်ပါပဲ။ သာမန် မိသားစုတွေ ပါသွားတဲ့လေယာဉ်ပျက်ကျတာကို ဘာလို့များဝမ်းသာအားရ ရေးနေကြတာလဲ ။ကျနော်စဉ်းစားလို့မရဘူး”ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။ လူမှုကွန်ယက်ပေါ်ရေးသားမှုအချို့ကို ဗိုလ်ချုပ်မှုးကြီးက ဆိုလိုခြင်း ဖြစ်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ အောင်ငြိမ်းအေးခန်းမတွင် ကျင်းပပြုလုပ်သည့် ဇွန် ၇ ရက်တွင် ပျက်ကျခဲ့သည့် တပ်မတော်ပို့ဆောင်ရေး Y-8 တွင်ပါရှိသွားသည့် လေယာဉ်အမှုထမ်းများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၏ ကျန်ရစ်သူများအတွက် စေတနာရှင်အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းပွဲတွင် အမှာစကားပြောကြားသဉ် ယခုစကားကို ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*