YBS 37 ယာဉ်လိုင်း တွင် Wifi Free ဝန်ဆောင်မှုစတင်

YBS 37 ယာဉ်လိုင်း တွင် Wifi Free ဝန်ဆောင်မှုစတင်
June 9, 2017 Asian Fame

3:06 pm
YBS 37 ယာဉ်လိုင်း တွင် Wifi Free ဝန်ဆောင်မှုစတင်
YBS(ရန်ကုန် ၊ ဇွန် ၉)

ရန်ကုန်ဘတ်စ်ကား အများနှင့် သက်ဆိုင်သော ကုမ္ပဏီ (YBPC) မှ တာဝန် ယူပြေးဆွဲလျက် ရှိသော YBS 37 ယာဉ်လိုင်းတွင် Wifi free ဝန်ဆောင်မှုကို စတင်ပေးနေပြီ ဖြစ်ကြောင်း သိရသည်။

ထိုအပြင် ခရီးသွားပြည်သူများ မြင်သာစေရန် ကား ၏ရှေ့မှန်နှင့် အတက်ပေါက် အနီး ဘေးမှန်တွင် “Free Wifi Service” ဟူသော sticker ကို ကပ်ပေးထားသည်။

YBS စီးနင်းသူ တစ်ဦးက ” Wifi ထက် ယာဉ်မောင်းတွေ ယာဉ်နောက်လိုက်တွေက ခရီးသည်တွေ ကိုပြေလည် ဆက်ဆံဖို့၊ ယာဉ် စည်းကမ်း လမ်းစည်းကမ်းတွေကို လိုက်နာဖို့ကလဲ အရေုးကြီးပါတယ်။ Wifi တွေပေး Aircon တွေပေပြီး အရင်အတိုင်းပဲ ထူးခြားမှာ မဟုတ်ဘူး။” ဟုမှတ်ချက်ပေးသည်။

လက်ရှိတွင် Scania Marcopolo Torino Low Entry အမျိုးအစား ယာဉ်နှစ်စီးတွင် စတင်တပ်ဆင်ပြီး ဝန်ဆောင်မူ စတင်ဆောင် ရွက်ပေးခြင်းဖြစ်သည်။

ဝေရှိုင်းကျော်
Photo-Yangon Bus Service

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*