ဝေဟင်ကြည့် မိုးပျံပူးပေါင်းစီမံကိန်းဟာ အများပြည်သူကိုအလုပ် အကျွေးပြုဖို ဟု ရန်ကုန်မြို့တော်ဝန်ဆို

ဝေဟင်ကြည့် မိုးပျံပူးပေါင်းစီမံကိန်းဟာ အများပြည်သူကိုအလုပ် အကျွေးပြုဖို ဟု ရန်ကုန်မြို့တော်ဝန်ဆို
June 9, 2017 Asian Fame

5:33 pm
ဝေဟင်ကြည့် မိုးပျံပူးပေါင်းစီမံကိန်းဟာ အများပြည်သူကိုအလုပ် အကျွေးပြုဖို ဟု ရန်ကုန်မြို့တော်ဝန်ဆို

189

ရန်ကုန် ဇွန် ၉

ကန်တော်ကြီးအတွင်းက ဝေဟင်ကြည့် မိုးပျံပူးပေါင်းစီမံကိန်းဟာ အများပြည်သူကိုအလုပ်အကျွေးပြုဖို့ ပေးလိုက်တာဖြစ်ပြီး အများပြည်သူပိုင်နေရာကိုရောင်းစားတာမဟုတ်ဘူးလို့ ရန်ကုန်မြို့တော်ဝန် ကပြောပါတယ်။

”တော်တော်များများဟာ အများပြည်သူပိုင်နေရာတွေကို ပုဂ္ဂလိကတွေကိုရောင်းစားတယ်လို့ ၊ပြည်သူတွေအပန်းဖြေတဲ့နေရာတွေကို ရောင်းစားတယ်ဆိုတဲ့ အတွေးမျိုး ထင်ကြပါတယ်။ဒါကိုလည်းကျွန်တော်တို့ စိတ်မဆိုးပါဘူး။အတိတ်က ခါးသီးတဲ့အတွေ့ အကြုံတွေခံခဲ့ရတဲ့အတွက်ကြောင့် ဒီလိုပြောတာစိတ်ဆိုးစရာမဟုတ်ပါဘူး။ကျွန်တော်တို့ က ပြည်သူကိုဝန်ဆောင်မှုပေးဖို့ ၊အလုပ်အကျွေးပြုဖို့ ပုဂ္ဂလိကလုပ်ငန်းတစ်ခုကိုထည့်လိုက်တာပါ” လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက မင်္ဂလာပါဘောလုံး ဖဲကြိုးဖြတ်ဖွင့်လှစ်ပွဲတွင်ပြောပါတယ်။ဒါ့အပြင် တိုးတက်မှုတိုင်းဟာ လုပ်ယူမှရကြောင်းလည်း ၎င်းကဆိုပါတယ်။

ဒီလုပ်ငန်းဟာ အမေရိကန်-မြန်မာ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး အမေရိကန်ဒေါ်လာတစ်သန်းခန့် ရင်းနှီးမြှုပ်နှံထားတဲ့လုပ်ငန်းဖြစ်တယ်လို့ လုပ်ငန်းရဲ့ ပရော့ဂျက်ဒါရိုက်တာ၊မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးသက်လွင်တိုးကပြောပါတယ်။လက်မှတ်များကို လာမယ့်တစ်ပတ်အတွင်းရောင်းချပေးသွားမှာဖြစ်ပြီး လေတိုက်နှုန်းပေါ်မူတည်ပြီး အများဆုံး ၁၉ ဦးထိ စီးနင်းနိုင်ကြောင်း၊တစ်ခါစီးလျှင် ပျှမ်းမျှနာရီဝက်ခန့် ကြာမြင့်မှာဖြစ်ကြောင်းသိရပါတယ်။

ဒီ မိုးပျံပူပေါင်းစီမံကိန်းကို ကန့် ကွက်ကြောင်းအဆိုကို သက်ဆိုင်ရာ မြို့ နယ်ဖြစ်တဲ့ မင်္ဂလာတောင်ညွှန့် မြို့ နယ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးလှဌေးက တိုင်းလွှတ်တော်ကိုတင်ထားပါတယ်။အခုထိတော့ ဆွေးနွေးခွင့်မရသေးပါဘူး။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*