ဘူးသီးတောင်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပါသည့် ဆန္ဒပြပွဲကျင်းပ

ဘူးသီးတောင်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပါသည့် ဆန္ဒပြပွဲကျင်းပ
June 9, 2017 Asian Fame

4:45 pm
ဘူးသီးတောင်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပါသည့် ဆန္ဒပြပွဲကျင်းပ

ssd

ရန်ကုန်၊ဇွန် ၉

ဥပဒေနှင့် မညီသည့်နိုင်ငံသားကတ်ပြားများထုတ်ပေးနေမှုကိုရပ်ဆိုင်းပေးရန်နှင့် မြို့နယ်အဆင့်နိုင်ငံသား(သို့)နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖျက်သိမ်းပေးရန် စသည့် ကြွေးကြော်သံများဖြင့် ရခိုင်ဘူးသီးတောင် ဒေသခံများက ယနေ့တွင် ဆန္ဒပြခဲ့ကြသည်။

“ဥပဒေနဲ့မညီနိုင်ငံသားကတ်ထုတ်ပေးတာရပ်ရမယ်၊။ထုတ်ပေးသူတွေကို အရေးယူရပြီးဥပဒေနဲ့မညီထုတ်ပေးထားတာတွေ ပြန်ရုတ်သိမ်းပေးရမယ်။လက်ရှိနိုင်ငံသားစစ်ဆေးရေးအဖွဲ့နှုတ်ထွက်ပေးဖို့မြို့မိမြို့ဖ ၂၀၀နဲ့သံဃာတော်၂၈ပါးတို့ မီးစက်လမ်းဆုံကနေပြီး ဆန္ဒပြနေကျတာပါ”ဟု ယင်းဆန္ဒပြပွဲကိုဦးဆောင်သူ ကိုဝင်းနိုင်ကပြောသည်။ယင်းဆန္ဒပြပွဲတွင် ဘူးသီးတောင်ပြည်နယ်အမှတ်၂မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းလည်းပါဝင်ခဲ့သည်။

sd2

ပါဝင်ဆန္ဒပြခဲ့သည့်လွှတ်တော်ကိုယ်စားလှယ်က ရခိုင်ပြည်နယ်အစိုးရအနေဖြင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဥက္ကဌအဖြစ်တာဝန်ယူထားသည့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးရေးဗဟိုကော်မတီ၏လမ်းစဉ်များကို ချိုးဖောက်နေပြီး ရခိုင်ပြည်နယ်ကို မတည်ငြိမ်အောင်ပြုလုပ်နေကြောင်းပြောခဲ့သည်။

ဘူးသီးတောင်ပြည်နယ်အမှတ်၂မဲဆန္ဒနယ်မှလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက”ဘူးသီးတောင်မြို့နဲ့တောင်ကုတ်မြို့က ဘင်္ဂါလီ၉၁ယောက်ကို နိုင်ငံသားကဒ်ထုတ်ပေးနေတယ်လို့ တိုင်တဲ့အတွက် သွားစစ်ဆေးတယ်။ဥပဒေနဲ့မညီတဲ့အတွက် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးမှာ အစီရင်ခံစာတင်လိုက်တယ်။နိုင်ငံတော်သမ္မတထံလဲ အစီရင်ခံစာတင်ဖို့လဲလုပ်ပြီးပါပြီ။အခုလဲ ဘူးသီးတောင်မြို့မှာ ဘဂါင်္လီ၂၄ယောက်ကို ထပ်ထုတ်ပေးနေလို့ဆန္ဒပြတာပါ”ဟု ပြောသည်။ယခုဆန္ဒထုတ်ဖော်မှုကို ခွင့်ပြုချက်တင်ခဲ့ပြီး ဆန္ဒထုတ်ဖော်ခဲ့သည်ဟု ဘူးသီးတောင်မြို့မရဲစခန်းမှ ဒုရဲမှူးသောင်းကြွယ်ကပြောသည်။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*